'အဲ့အသံ... ဖူယိယွင်!'

"ရှင်...."  'သူဘာလို့ဒီကိုရောက်နေတာလဲ။'

လျို့ရွှီ သူ့ခြေထောက်များကို ပွေ့ဖက်ရန် လျှောက်သွားခဲ့သည်။
"ကိုကိုယိယွင် ရွှီအာ ရှင့်ကိုထပ်မတွေ့ရတော့ဘူးလို့ထင်ခဲ့တာ အဟင့် အဟင့်..."

ဖူယိယွင် သည် လျို့ရွှီ​ပြောပြ​သော ပုံပြင်ကို တုံ့ပြန်မှုမရှိဘဲ နားထောင်​နေခဲ့သည်။
ဖူယိ​ရွေက သူမကို ခြိမ်း​ခြောက်ပြီး အတင်းအကြပ်ခိုင်း​စေခဲ့​ကြောင်း လျို့ရွှီက ​ပြောသည်။ အကယ်၍ သူ့လက်​အောက်ငယ်သားတစ်​ယောက်သာ လျို့ရွှီကို ဖူယိ​​ရွေ၏အိမ်​တော်၀န်းကျင်တွင် ရံဖန်ရံခါ မြင်ဖူးခဲ့​ကြောင်း မတင်ပြခဲ့လျှင် ဖူယိယွင် သည် သူမ၏စကားများကို အမှန်တကယ် ယုံကြည်သွားပေမည်။

သူ့စိတ်ထဲတွင် ဒေါသကို မျိုသိပ်ထားသည်။  "မင်း အမှန်အတိုင်းပြောနေတာလား"

လျို့ရွှီ က သူမ မျက်ရည်တွေကို သုတ်လိုက်သည်။
"ဟုတ်ပါတယ် ကိုကိုယိယွင် သူအတင်းအကျပ်ခိုင်းစေခဲ့တာပါ! … ရွှီအာ့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး.. ကိုကိုယိယွင်ကျေးဇူးပြုပြီး ခွင့်လွှတ်​ပေးပါ  ကျွန်မမှားပါတယ်  အခုချိန်ကစပြီး ရှင့်အနားမှာ အမှုထမ်ူပြီး ရှင်​ဖြေ​စေချင်တာမှန်သမျှ လုပ်ပါ့မယ်!"

'ဖူယိယွင် က ငါ့ကို အရမ်းချစ်တယ်.. ငါ သူ့ကို ကောင်းကောင်း ချော့နိုင်သရွေ့ အကျယ်ချုပ် ချခံထားရတဲ့ မင်းသားဖြစ်​နေရင်တောင် အပြင်မှာ လိုက်​နေတာထက် အများကြီး ပိုကောင်းလိမ့်မယ်'

ဖူယိယွင်သည် လျို့ရွှီ၏ ​ခေါင်းကိုပုတ်လိုက်သည်။
"မင်းဒီမှာ လောလောဆယ်နေနိုင်ပါတယ်"

ထို့​နောက်သူက သူ့ဘီးတပ်ကုလားထိုင်ကို လှည့်ပြီး အခန်းပြင်သို့ထွက်သွားသည်။  သူမကို ဆက်ကြည့်နေရင် သည်းမခံနိုင်​တော့မှာကို သူကြောက်သည်။ သို့ပေမယ့် သူမကို သတ်လိုက်တာက လွယ်လွယ်နဲ့ ခွင့်လွှတ်​ပေးလိုက်သလိုပင်ဖြစ်​ပေလိမ့်မည်။

ဖူယိယွင်၏နှလုံးသားက သူမအတွက် တစ်ဖန်ပျော့ပျောင်းသွားပြီဟု လျို့ရွှီ တွေးမိခဲ့သည်။

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now