ရှီရှန်း "....."

'ငါ့ကိုကျ မင်းတို့ကို မမြင်ဘူးလား?  ငါလည်း တော်တော်လှတာပဲ​လေ'

ဂိုဏ်းသားအားလုံးသည် ၎င်းတို့၏ဂိုဏ်းချုပ်ကို ယခင်ဂိုဏ်းချုပ်က ဦးထားပြီဖြစ်တာကြောင်း  ပိုင်​လော့ကဲ့သို့ သူမကို မဆက်ဆံဝံ့ကြပေ။

ကျန့်ကျန်းအကြောင်းပြောရလျှင်  ရှီရှန်းကို အနည်းငယ် စိတ်တိုသွား​စေသည်။

' ဒီ​ကောင် တကယ်ကြီး သုံးလလုံးလုံး ကျင့်ကြံနေခဲ့တာ ငါ့ဓားက သူ့​သွေးကို လိုချင်​နေပါတယ်ဆိုမှ'

ရှီရှန်းလည်း မကြာခင် နည်းဗျူဟာပြောင်းပြီး ကျန့်ကျန်း၏ အခန်းအပြင်ဘက်တွင် စောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။ နှစ်ဝက်မျှကြာပြီးနောက်တွင်​တော့ ရှီရှန်းသည် သူမ၏ခေါင်းပေါ်တွင်ပင် မှိုတက်​နေပြီဟု ခံစားခဲ့ရပြီး ​နောက်ဆုံးတွင်​တော့ အခန်းတံခါးပွင့်သွားခဲ့သည်။

ကျန့်ကျန်း သည် ရှီရှန်း အပြင်ဘက်တွင် ရပ်နေသည်ကို မြင်လိုက်ရသောအခါ လန့်သွား​တော့သည်။

"မင်းဘာလို့ဒီကိုရောက်နေတာလဲ?"

'သူမက အပြင်မှာ စောင့်နေတယ်လား!  အပြင်မှာ စောင့်နေတာ အမှန်ပဲ!'

'ဟားဟားဟား!  ငါ့​ချော​မောမှုက သူမနှလုံးသားကို သိမ်းပိုက်နိုင်မယ်ဆိုတာ ငါသိသားပဲ!'

ရှီရှန်းက ကျန့်ကျန်း၏စိတ်ထဲတွင် မည်ကဲ့သို့ ဖြစ်ပျက်နေသည်ကို လုံး၀မသိလိုက်ပေ။  သူမအတွက် တစ်ခုတည်းသော အ​ရေးကြီးကိစ္စက သူ့သွေးကို ရရန်ဖြစ်သည်။

"ဟေး မင်းက အရမ်းစိတ်အားထက်သန်နေပါလား ငါ့ကိုဖက်ခွင့်ပြုလိုက်မယ်"

ဒါပေမယ့်...

သူ သူမကို မပွေ့ဖက်လိုက်မီမှာပင်အေးစက်နေသော ဓားတစ်ချောင်းက သူ့လက်ကောက်ဝတ်တွင် ချိန်ထားသကဲ့လို့ ခံစားလိုက်ရသဖြင့် မသိစိတ်က သူ့အတွင်းအားကို အသုံးချကာ တွန်းထုတ်ပစ်လိုက်သည်။

ရှီရှန်း၏မျက်လုံးထဲတွင် ကျန့်ကျန်းက အမြဲတမ်း မတိုက်ခိုက်နိုင်သည့်အရူးဖြစ်ခဲ့​သော်လည်း ဒီတစ်ကြိမ်တော့ မတူ​တော​ကြောင်း မသိခဲ့​ပေ။
သူမက ကျန့်ကျန်း၏ခန္ဓာကိုယ်ကို  ပြင်းထန်တဲ့ စွမ်းအားတစ်ခုက လွှမ်းခြုံထား​ကြောင်း ခံစားမိလိုက်ပြီး သူမ၏ ဓားက တုန်ခါသွားခဲ့သည်။  ထိုအချိန်တွင် ရှီရှန်းကက ဓါးကို ပျံသန်း​စေလိုက်ပြီး တံခါးရှေ့တွင် ရပ်နေ​သောသူကို မယုံနိုင်စွာ ကြည့်လိုက်သည်။

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now