အချိန်အတော်ကြာသည်အထိ နတ်ဆိုးဂိုဏ်းသည် အလွန်စည်ကား​နေခဲ့ပြီး ဂိုဏ်းသားများက ငွေများစွာရေတွက်ရခြင်းကြောင့် လက်များပင် ထုံကျဉ်း​နေကြသည်။ ဂိုဏ်းချုပ်၏ အ​မြောင်အမြင်​ကြောင့် စည်းစိမ်ဥစ္စာ များများစားစား စုဆောင်းမိသွားပြီး အချိန်အ​တော်ကြာကြာ သုံးစွဲရန် အသားဖိုးအတွက် ​ငွေလုံလောက်သွားခဲ့သည်။

နတ်ဆိုးဂိုဏ်းက ပျော်ရွှင်​နေကြပေမယ့် တခြားသူတွေက အ​ခြေအ​နေသိပ်မ​ကောင်းကြ​ပေ။
အဖိုးတန်လက်နက်များကို အောင်မြင်စွာ လေလံဆွဲနိုင်ခဲ့ကြသူများမှာ အဆုံးဖြစ်သည်။  ပစ္စည်း၏မူလပိုင်ရှင်ကို သတိထားရရုံသာမက ၎င်းတို့ထက် အင်အားကြီးမားကြသူများကိုလည်း သတိထားရမည်ဖြစ်သည်။  သူတို့အတွက်  သိုင်း​လောကကြီးက လုံးဝမလုံခြုံ​တော့​ပေ။

အချိန်အတော်ကြာပြီးနောက်တွင်မှ သိုင်း​လောကသားများသည် ရှီရှန်း ၏ လုပ်ရပ်နောက်ကွယ်တွင် ယုတ်မာသောရည်ရွယ်ချက်ရှိ​ကြောင်း နားလည်သွားကြသည်။
......

ပိုင်ဖုက နတ်ဆိုးဂိုဏ်း၏တောင်ခြေတွင် စခန်းချခဲ့ပြီး ပိုင်​လော့ကို လာ​ခေါ်ခဲ့သည်။

ပိုင်​လော့၏ အတိတ်မေ့ခြင်းက ပြန်လည်ကောင်းမွန်လာမည့် လက္ခဏာမပြ​ပေ။  သူမသည် ပိုင်ဖု နဲ့ တွေ့ဖူးပေမယ့် သူနဲ့ အတူ ထွက်သွားဖို့ ဆန္ဒမရှိခဲ့​ချေ။  ယခုအချိန်တွင် သူမက နတ်ဆိုးဂိုဏ်းကို ပို၍ယုံကြည်လာပြီဖြစ်သည်။

ပိုင်ဖု မှာ သူမကို ဆက်လက်​စောင့်​ခေါ်ရန် အားလပ်ချိန် များများစားစား မရှိပဲ သူ့မှာ လုပ်စရာတွေ အများကြီး ကျန်​နေသေးသည်။

ပိုင်​လော့သည် နတ်ဆိုးဂိုဏ်းတွင် အမှန်​ကောင်းကောင်းမွန်မွန်​နေထိုင်​နေ​ကြောင်းတွေ့လိုက်ရ​သောအခါ ပိုင်​ဖု သည် သူ၏ မာနကို မျိုချကာ ရှီရှန်းကို ငွေသေတ္တာကြီးများစွာကို ပေးပြီး ပိုင်​လော့ ကို ပြုစုစောင့်ရှောက်ရန် အကူအညီတောင်းခဲ့သည်။သူက ရှီရှန်း ကို အနိုင်မယူနိုင်သောကြောင့်လာဘ်ထိုးရုံသာ တတ်နိုင်သည်။

ပိုင်​လော့သည် နတ်ဆိုးဂိုဏ်း၏ အလှ​လေးအဖြစ် အမြဲတမ်း ဆက်ဆံခံရ​လေသည်။အိမ်​​ထောင်မကျ​သေး​သော လူပျိုအဖွဲ့က ပိုင်​လော့ကို နတ်ဘုရားမကဲ့သို့ ကိုးကွယ်ပြီး မည်သူမှ သူမကို နှောင့်ယှက်ရန် ခွင့်မပြုပေ။

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now