ကျိုးဟန်က​ချောင်ပိတ်မိနေခဲ့သည်။
သူသာသဘောတူလိုက်ရင် ​ဆေးရည်က  အရာအားလုံးကို ထုတ်ဖော်လိမ့်မည်ဖြစ်ပြီး
ငြင်းဆန်လိုက်မည်ဆိုပါကလည်း သူ့တွင် ဖုံးကွယ်စရာတစ်ခုခုရှိ​ကြောင့် ၀န်ခံသလို ဖြစ်​ပေလိမ့်မည်။

ကျိုးဟန်သည် ရှီရှန်း ၏ ဘိုးဘေး မျိုးဆက် တစ်ဆယ့်ရှစ်ဆက်လုံးကို ဆဲ​ရေး​နေခဲ့သည်။
'သူမသာ ၀င်မရှည်ရင် ကိစ္စကပြီး​နေပြီ!'

"ရွာသူကြီးကျိုး ဘယ်လိုလဲ"  ခဏလောက် စောင့်ပြီး ရှန့်ရှင်းဟိုင်က ထပ်​ပြောလိုက်သည်။

"ငါ ၀ူကျန်း ကို လုံး၀မယုံဘူး"  ကျိုးဟန်က ဖင်ပိတ်ငြင်းရန်သာ တတ်နိုင်​တော့သည်။

"ရှင့်ကြည့်ရတာ တစ်ခုခု လွဲချော်သွားမှာကို ကြောက်လို့ထင်တယ်"  ရှီရှန်း က ခပ်မြန်မြန် ပြန်ပြောလိုက်သည် ။

ကျိုးဟန်သည် ရှီရှန်းကို မုန်းတီးစွာ စိုက်ကြည့်နေသည်။
  "၀ူကျန်း!  မင်းရဲ့ အဓိပ္ပါယ်ရဲ့အဓိပ္ပါယ်မရှိတာ​တွေ ​တော်လောက်ပြီ!"

"လူကုန်ကူးရင် ​ငွေဘယ်လောက်အထိများ ရှာနိုင်မှာမို့လို့လဲ "  ရှီရှန်း အထင်​သေးစွာ ​ပြောလိုက်သည်။
  "ဓါးပြတိုက်တာလောက်​တောင် မမြန်ဘူး"

လူတိုင်း"…"
' လူတွေအများကြီးရှေ့မှာ ဒီလိုပြောရတာ တကယ်အဆင်ပြေရဲ့လား’

နတ်ဆိုးဂိုဏ်းသားများ "... "
'ဂိုဏ်းချုပ် ဒါက ကြွားစရာ မဟုတ်ဘူး​လေ?  မင်းမှာဘာလို့ ဒီလို ဂုဏ်ယူ​နေတဲ့ အမူအရာမျိုး ရှိ​နေရတာလဲ...'

ကျိုးဟန်သည် သူမစကားကြောင့် စကားမပြောနိုင်​တော့​ပေ။

သူမကို တစ်ခုခုစွပ်စွဲဖို့ကြိုးစားရင် သင်သတိမထားမိခင်မှာပဲ သင့်ကို ​ချောင်ပိတ်တိုက်ခိုက်ပါလိမ့်မည်။

ရှန့်ရှင်းဟိုင် ချောင်းဆိုးသွားသည်။ 

"အရင်ကကိစ္စ​တွေ​ကြောင့် မျက်နှာ​ထောက်ထားထားချင်ပေမယ့် ရွာသူကြီးကျိုး က အဲဒါကို မလိုချင်တဲ့အတွက် ရွေးချယ်စရာမရှိတော့ဘူး"

ကျိုးဟန်က စူးရှသော အကြည့်ကို ရှန့်ရှင်းဟိုင်သို့ လှည့်လိုက်သည်။  'အဲဒါ ဘာကိုဆိုလိုတာလဲ'

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now