"ငါတို့ မီးနဲ့တိုက်ခိုက်ကြမလား"

၀င်္ကပါနည်းဗျူဟာကို  ပြင်ပအရာဝတ္ထုများပေါ်တွင် အားကိုးအားထားပြု၍ ပုံဖော်ကြသဖြင့် တောင်ကြီးတစ်ခုလုံးကို မီးရှို့လိုက်ပါက  ပြိုကွဲသွားနိုင်​ပေသည်။

ရှန့်ရှင်းယန်ကက ဘာမှပြန်မပြောခဲ့​ပေ။

'​ပြောရတာ​တော့ လွယ်တာ​ပေါ့'

သို့ပေမယ့် သူတို့မှာ တခြားရွေးချယ်စရာမရှိလို့ ကြိုးစားကြည့်ရုံပဲရှိတော့သည်။

မီးရှို့တာ အောင်မြင်​သော်လည်း... အကွာအ​ဝေးတစ်ခုအထိသာ​​​ရောက်ပြီး  ဝေးဝေးမရောက်ခင်မှာပင် ငြိမ်းသွားကြသည်။

မမြင်နိုင်​သော အတားအဆီးတချို့ ရှိနေသကဲ့သို့  အပြင်မှာ မီး​တောက်ကြီးများ တောက်လောင်နေကြ​သော်လည်း အတွင်းရှိ အပင်များကို   မီးပွားတစ်​ပေါက်စာမျှပင်ထိခိုက်​စေနိုင်ခြင်းမရှိ​ပေ။

အပြင်ရှိလူများ အံ့အားသင့်နေကြသကဲ့သို့ ပင် ထုံးကျောက်လမ်းကြောင်းပေါ်တွင်လည်း လူအချို့ပေါ်လာကြပြီး  မီး​တောက်နှင့် ခြေတစ်လှမ်းအကွာတွင် ရပ်တန့်ကာ ဟန်​ရေးပြ​နေကြသည်။

"ဂိုဏ်းချုပ်ပြောတာ မှန်တယ်  မီးက တကယ်မဝင်လာနိုင်ဘူး.."

"ဂိုဏ်းချုပ်က တော်လိုက်တာ  သူတို့လာတိုက်ခိုက်လို့​တောင်မရဘူးလို့တောင် ပြောခဲ့​သေးတယ်  စမ်းကြည့်ကြမလား"

"ငါတို့သေရင် ဘယ်သူတာဝန်ယူမှာလဲ"

"ငတုံးလား? ငါတို့ကဘာလို့ ဒီတိုင်းရပ်ပြီး အရိုက်ခံ​နေရမှာလဲ  ဘယ်လိုပြန်ပြေးရမလဲ ဆိုတာ မင်းမသိဘူးလား"

ထို့ကြောင့် ပြင်ပမှလူများက  စိန်ခေါ်ခြင်းခံနေရပြီး သူတို့ရဲ့ တိုက်ခိုက်မှုတွေကလည်း မီးလောက်များကဲ့သို့ပင်  မထိရောက်ပဲ  တစ်ခါတရံမှာ သူတို့ဆီကိုပင် ပြန်ဦးတည်လာကြသည်။

"သေလိုက်ပါလား!  အထဲမှာ ပုန်းပြီး ရန်ရှာ​နေရလား သတ္တိရှိရင် အဲ့ဒီကနေထွက်ခဲ့ကြ!"

"နတ်ဆိုးဂိုဏ်းသား င​ကြောက်​တွေ အဲ့ဒီထဲကနေ ထွက်လာခဲ့ကြစမ်းပါ ဒီဘိုးဘိုးက မင်းကိုတို့ကို စောင့်နေတယ်!"

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now