"သခင်​လေးဖူ!"

"မင်း ဘယ်လိုလုပ်ပြီး သွေးအန်နေတာလဲ!  အမြန်  ဆေးဆရာကိုခေါ်ကြပါ သခင်​လေးဖူကို ကူညီကြပါ!"

လူအုပ်ကြီး ကမောက်ကမ ဖြစ်သွားခဲ့သည်။

......

နတ်ဆိုးဂိုဏ်းကို လက်ရှိတွင် ဝိုင်းထားကြသော်လည်း  အမှန်တကယ် မတိုက်ခိုက်နိုင်ကြ​သေး​ပေ။
​တောင်တက်လမ်းအတိုင်းတက်ခဲ့ကြ​သော်လည်း မူလ​နေရာသို့သာ အမြဲတမ်းပြန်​ရောက်လာကြသည်။

"ချီးပဲ   ဘယ်လိုသွားသွား  စထွက်ခဲ့တဲ့​နေရာကိုပဲ ပြန်​ရောက်လာတယ်"

"ငါတို့ လမ်းပျောက်ပြီး မျက်စိလည်နေတာလား"

လူအုပ်ကြီးက သူတို့နှင့် သိပ်မဝေးသော လမ်းကြောင်းကို ထူးဆန်းစွာ ငေးကြည့်နေကြသည် ။

"ဒါဟာ ၀င်္ကပါနည်းဗျူဟာပဲ" 
မဟာမိတ်ဂိုဏ်းခေါင်းဆောင်အနေဖြင့် ရှန့်ရှင်းယန်က အားလုံးထဲတွင် အတည်ငြိမ်ဆုံးဖြစ်သည်။

သူ့ဘေးရှိ ကျောက်စိမ်းရေစင်ကျေးရွာမှ ရွာသူကြီးက ရှန့်ရှင်းယန်၏ စကားကို တုံ့ပြန်ပြောဆိုခဲ့သည်။ 
"နတ်ဆိုးဂိုဏ်းက ဒီ​လောက်ထိ အရည်အချင်းရှိလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး"

၀င်္ကပါနည်းဗျူဟာသည် သိုင်း​လောက၏ လျှို့ဝှက်ဆန်းကြယ်သော ဗျူဟာတစ်ခုဖြစ်သည်။  ရှန့်ရှင်းယန်၏ စကား​ကြောင့် လူတိုင်း ငြိမ်သက်သွားကြသည်။  မည်သူကမှပညာရပ်ကို ကောင်းစွာ တတ်မြောက်ခြင်း မရှိခဲ့​ပေ။

"နတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ဖို့ သိပ်မလွယ်ဘူး" ရှန့်ရှင်းယန်  သက်ပြင်းချလိုက်သည်။

'အဲ့ဒီမိန်းမက ၀ူကျန်း လို့ခေါ်တယ်... ဒီလူအုပ်ကြီး​ကြောင့်သာ မဟုတ်ရင် ငါ ဒီကိုတောင် ရောက်လာမှာ မဟုတ်ဘူး'

"မဟာမိတ်ဂိုဏ်းခေါင်းဆောင် မင်းမှာ အကြံ ရှိလား"

ရှန့်ရှင်းယန် ခေါင်းယမ်းလိုက်သည်။  ၀င်္ကပါနည်းဗျူဟာကို သူမသိ​ပေ။

ရွာသူကြီးကျိုးက ရှန့်ရှင်းယန်ကို ​၀မ်းသာအားရကြည့်လိုက်သည်။

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now