ကျန့်ကျန်းသည် ခဏစိတ်​လောမှု​ကြောင့် ကြိုးစားထားသမျှအားလုံးကို စွန့်လွှတ်မှာကြောင့် အ​ကောင်းဆုံး​ဖြောင်းဖြပြီး နောက်ဆုံးတွင် ဆွဲဆောင်နိုင်ခဲ့သည်။

ကျန့်ကျန်း၏အမူအရာလည်း အနည်းငယ် သက်သာသွား​တော့သည်။  သူ၏ ကျင့်ကြံဆင့်သည် နဝမအဆင့်​ရောက်ရန်အတွက်  နောက်ထပ်တစ်နှစ်ခွဲခန့်သာ စောင့်ရန်လို​တော့သည်။

ကျန့်ကျန်း၏ကျင့်ကြံဆင့်မျိုးသည် အစပိုင်းတွင် အလွန်အားနည်းပြီး အခြေခံအားဖြင့် အသုံးမဝင်ပေ။ ထို့ပြင် အခြားနည်းပညာများကိုလည်းတွဲဖက်လေ့ကျင့်၍မရ။

ကျန့်ကျန်းသည် ငယ်စဉ်ကတည်းက ဤ​လေ့ကျင့်စဥ်ကို လေ့ကျင့်ခဲ့သည်။  ဂိုဏ်းတစ်ခုလုံးကိုပါ လေ့ကျင့်​ပေးချင်ပေမယ့် အဖြစ်အပျက်များက နောက်ကျသွားခဲ့ပြီ။  ထို့ကြောင့် သူသည် အံကြိတ်သည်းခံကာ မိမိ၏ကျင့်ကြံစဥ်တိုးတက်ရန် လျို့၀ှက်လုပ်​ဆောင်​နေရ​တော့၏။

န၀မအဆင့်ရောက်သည်နှင့် သဘာဝတရားကိုပါ အမိန့်ပေးနိုင်မည်ဟု ကောလဟာလများရှိသည်။

အမှန်မှာ နတ်ဆိုးဂိုဏ်းတွင်ပင် မည်သူမျှ နဝမအဆင့်သို့ မရောက်ဖူးကြ​ချေ။  ကျန့်ကျန်းသာ ဤမျှကြာရှည်စွာ ခံနိုင်ရည်ရှိ​သော တစ်ဦးတည်းသောသူဖြစ်ပြီး အောင်မြင်မှုဆီသို့ နီးကပ်လာခဲ့သည်။

"၀ူကျန်း မင်း ဘာလုပ်နေတာလဲ!"

ဒီအော်သံ​ကြောင့် ကျန့်ကျန်းလည်း သူ့အတွေး​တွေထဲက​ လွတ်​မြောက်လာခဲ့ပြီး ဆူညံသံများဆီသို့ လှမ်းမျှော်ကြည့်လိုက်မိသည်။

ရှီရှန်းက တစ်စုံတစ်ဦးထံသို့  သူမ၏ဓားကိုရွယ်လိုက်သည်နှင့် လူအုပ်ကြီးက အလန့်တကြား ဆုတ်ခွာ​ပြေးကြပြီး ချော်လဲကာ တောင်ပေါ်မှ ပြုတ်ကျကုန်ကြသည်။

"ငါ့အပြစ်မဟုတ်ဘူး​နော်  သူတို့ဘာသာ ပြုတ်ကျသွားတာ"  ရှီရှန်းက ပုခုံးတွန့်ကာ အမှန်တကယ်ပင် အပြစ်ကင်းစင်သ​ယောင် ​ပြောလိုက်သည်။

'မင်း သူ့ကို မတိုက်ခိုက်ရင် ဘယ်လိုလုပ် ပြုတ်ကျမလဲ'

"သတ်!"

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Όπου ζουν οι ιστορίες. Ανακάλυψε τώρα