ထင်ဖုန်းက အခြေအနေကို ရှီရှန်းကို အမြန်ရှင်းပြသည်။ 

"သူတို့က ဒီနေရာကို ဘယ်လိုရှာ​တွေ့သွားကြမှန်း မသိပေမယ့် ဒုက္ခရောက်အောင် လုပ်နေကြတာလို့ ကျွန်တော်ထင်ပါတယ်"

ရှီရှန်းက အနည်းငယ် မျက်မှောင်ကြုတ်ကာ ကျန့်ကျန်းကို သူမ​နောက်ဆွဲ​ခေါ်လိုက်သည်။

"သူတို့နဲ့  ဘာလို့အချိန်ဖြုန်း​နေမှာလဲ တိုက်ခိုက်စမ်းပါ!"

ကျန့်ကျန်းလည်း ဆွံ့အသွား​ခဲ့သည်။

နတ်ဆိုးဂိုဏ်းသားများသည် အ​ခြေအ​နေကို ကိုကြားသိပြီးနောက် ကျန့်ကျန်း၏အမိန့်ပေးချက်အရ အားလုံးစုဝေးခဲ့ကြပြီး  လူစိမ်းရှစ်ယောက်ဆီသို့ ဝိုင်းအုံလာခဲ့ကြသည်။

"ဖီ! ဒီလူတွေက အလကား​နေရင်း ပြသနာလာရှာ​နေကြတာပဲ"

"လူ့အ​ရေခွံခြုံထားတဲ့ မ​ကောင်းဆိုး၀ါး​ကောင်​တွေ!"

"ဂိုဏ်းချုပ်၊ ငါတို့ အခု ဘာလုပ်ရမလဲ"

လူအချို့က  သူတို့၏တည်နေရာကို ရှာတွေ့သွားပြီးဖြစ်တာကြောင့် အခြားသူ​တွေလည်း လိုက်လာကြတာ​တော့မှာ သေချာသ​​လောက်ပင်ဖြစ်သည်။

ရှီရှန်းက သူ့ဓားကို ​မြှောက်လိုက်ပြီး ၀င့်၀ါစွာ ​ပြောလိုက်သည်။

"ဘာ​တွေကြောက်​နေတာလဲ  ဘယ်လောက်ပဲ လာလာ အကုန်လုံးကို သတ်ပစ်လိုက် !"

နတ်ဆိုးဂိုဏ်းသားများ "... "
'ဂိုဏ်းချုပ် ကျွန်​တော်တို့ရဲ့ဒူးထောက်ခစားခြင်းကို လက်ခံ​ပေးပါ'

ကျန့်ကျန်းက​တော့ ရှီရှန်းကိုကြည့်ကာ တစ်စုံတစ်ခုကို တွေးတောနေပုံရပြီး အေးစက်စက်ပုံစံဖြင့် ထွက်ခွာသွားခဲ့သည်။

ရှီရှန်းက သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည် ။

'ငါ နင့်ကို ဘာလုပ်မိလို့လဲ နင်က ဘာကိုစိတ်​ကောက်ပြန်တာလဲ?!'

ရှီရှန်းသည် ပိုင်​လော့နှင့် အနီရောင်ဝတ်အမျိုးသမီးဆီကို သွားသောအခါတွင် သူမတို့၂ဦးလုံး နိုး​နေကြပြီဖြစ်သည်။အနီ​ရောင်၀တ်အမျိုးသမီးက ကုတင်ပေါ်တွင် ထိုင်​နေပြီး အ​တွေးများ​ပျောက်ဆုံး​နေပုံရသည်။

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now