"မိန်းက​လေးပိုင် က ခုနကပဲ အဝတ်အစားသွားလဲမယ်လို့ ပြောသွားတာပါ....သူမ ဘယ်လို ပျောက်သွားတာလဲ"

"ဘယ်​လောက်မှမကြာ​သေးပါဘူး....အောက်ထပ်ကလူတွေက မိန်းက​လေးပိုင် ထွက်သွားတာကို မတွေ့လိုက်ဖူးဆိုတော့ တည်းခိုခန်းထဲမှာပဲ ရှိနေရမှာပါ"

ရှီရှန်းသက်ပြင်းချလိုက်ပြီး ခေါင်းယမ်းလိုက်သည်။
"ဖူယိယွင်ဘယ်အခန်းမှာနေလဲ"

ထင်ဖုန်းက လျင်မြန်စွာ တုံ့ပြန်ပြီး သူတို့နှင့် မဝေးသော အခန်းတစ်ခန်းကို ညွှန်ပြသည်။
"အဲဒီ့တစ်ခု"

ရှီရှန်းကအခန်း​ရှေ့ကို လျှောက်သွားကာ တံခါးကို​ခြေ​ထောက်နှင့်ကန်ဖွင့်လိုက်သည်။

အခန်းထဲတွင် လူမရှိ​ပေ။

လျို့ရွှီ၏အခန်းသည် နံဘေးတွင်ရှိပြီး ၎င်းမှာလည်း ဗလာဖြစ်နေသည်။

လေထုထဲမှာ ပျောက်ကွယ်သွားသလိုမျိုး တည်းခိုခန်းထဲက ဘယ်သူမှ သူတို့ကို မမြင်လိုက်ကြ​ပေ။

နတ်ဆိုးဂိုဏ်းသားများက အလွန်စိုးရိမ်နေကြသော်လည်း ရှီရှန်းက​တော့ သိပ်ဂရုမစိုက်ပေ။ 

ရှီရှန်းရော ကျန့်ကျန်းက သူတို့ကို
ဘာအမိန့်မပေးသည့်အတွက် ဂိုဏ်းသားများက ပိုင်​လော့ကို ရှာဖွေဖို့ ကိုယ့်ဘာသာအုပ်စုလိုက်ထွက်ခဲ့ကြ​သော်လည်း သူတို့ရဲ့ ကြိုးစားမှုက အရာမထင်​ပေ။

တစ်လခွဲခန့်နေထိုင်ပြီးနောက် ရှီရှန်းသည် သူတို့အားလုံးကို စုရုံးစေခဲ့သည်။

ဓားပြတိုက်ရန်အတွက် ရှီရှန်းက မြို့၏ နာမည်အကြီးဆုံး မိသားစုကို ရွေးချယ်ခဲ့သည်။

ကိစ္စမှာ အ​တော်​လေး အဆင်​ပြေခဲ့ပါသည်။  ရှီရှန်း၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို ကျန်သူများ
က ပံ့ပိုးကာ လုယက်မှုကို ကူညီပေးကြသည်။

ကျန့်ကျန်းက​တော့  လုံးဝမလိုက်နာ​ပေ။  ကူညီရမည့်အစား မထီမဲ့မြင်ပြု​နေ​သော​ ကျန့်ကျန်းမှာ နတ်ဆိုးဂိုဏ်းသားများ၏ လက်ခလယ်ကို ရရှိသွားသည်။  'အစတုန်းက ငါတို့ကို ဒီကိုဆင်းစေချင်တာ ဘယ်သူလဲ၊ ဟေး!'

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now