သူတို့ရဲ့ နေရာကနေ ပြိုင်ပွဲရဲ့ကွင်းပြင်တစ်ခုလုံးကို မြင်နိုင်သည်။ သူက ပြိုင်ပွဲမစခင် ကလေးတွေနဲ့အတူ ဒီမှာ မှုန့်ချိုတွေကို အေးအေးဆေးဆေး နဲ့ စားဖို့တွေးထားသည်။
ပြိုင်ပွဲစမှ သူတို့က ပြိုင်ပွဲကွင်းရှေ့မှာ သွားကြဖို့ သဘောတူချက်တွေယူထားကြတယ်။
ဒီလိုနဲ့ ဖိုးဖိုးယွိက ပြိုင်ပွဲရဲ့အစဉ်လာကို ကြေညာလို့ပြီးတော့ သိုင်းပြိုင်ပွဲစဖို့ ပြောလိုက်သည်။
" ကဲ...အခုတော့ အားလုံးကစောင့်မျှော်ကြတဲ့ သိုင်းပြိုင်ပွဲစဖို့ အချိန်ရောက်ပါပြီ...
အခု သိုင်းပြိုင်မယ့် သူတွေကတော့ ကျုပ်တို့ရဲ့အထူးဂိုဏ်းသုံးခုရဲ့ ဂိုဏ်းချုပ်တွေပဲဖြစ်ကြတယ်...
အခု သိုင်းပြိုင်မယ့် သူက သုံးယောက်ဖြစ်တာမို့ ပထမပြိုင်ပွဲကို မဲနှိုက်ကြဖို့ ဆုံးဖြတ်လိုက်ပြီး... "
အဖိုးယွိက စကားကို ရပ်ပြီး သူ့စကားကို နားထောင်ကြတဲ့ စင်အောက်ကလူတွေကို တချက်ဝေ့ကြည့်ပြီး ဝမ်ရိပေါ် မုရုန်ယွဲ့ လုံရိဖုန်း တို့ကို ကြည့်လိုက်သည်။
" ပထမပြိုင်ပွဲကတော့ ဂိုဏ်းချုပ်သုံးဦးတို့ရဲ့ကံကို ပြိုင်တဲ့ ကံစမ်းမဲပြိုင်ပွဲပဲ...
ကဲ ဂိုဏ်းချုပ်တွေ သင်တို့ စင်ပေါ်ကို တက်လာပြီး မဲနှိုက်ကြပါ... "
ဝမ်ရိပေါ် မုရုန်ယွဲ့ လုံရိဖုန်း တို့က ကိုယ်ဖော့သိုင်းနဲ့ စင်ပေါ်ကို ကျော့ရှင်းစွာ ခုန်တက်လိုက်ကြသည်။
သူတို့စင်ပေါ်ရောက်တော့ အဖိုးယွိက စင်အောက်က ကျောက်စိမ်းနန်းတော်ရှိ တပည့်သားတစ်ယောက်ကို ခေါ်လိုက်သည်။
ထိုတပည့်သားက စင်ပေါ်ကို တက်ပြီး ပြင်ဆင်ထားတဲ့ မဲလိပ်တွေပါတဲ့ သေတ္တာငယ်လေးကို ယူပြီး အဖိုးယွိကို ပေးလိုက်သည်။
သေတ္တာက လက်ဝါးပြင်တဖက်သာရှိပြီး ကျောက်စိမ်းနဲ့ လုပ်ထားတာဖြစ်သည်။ အဖိုးယွိက အဲဒါကို ဖွင့်ပြီး ဝမ်ရိပေါ် မုရုန်ယွဲ့ လုံရိဖုန်း တို့ကို ကြည့်ပြီး မေးလိုက်သည်။
" ဘယ်သူအရင် မဲနှိုက်မလဲ "
" ကျွန်တော် " လုံရိဖုန်း က လျင်မြန်စွာ လက်မြှောက်ပြီး ပြောကာ သေတ္တာထဲက စာရွက်လိပ်တစ်ခုကို ယူလိုက်သည်။