" ဟိုး... မင်းရဲ့ ပန်းချီကားကလည်း တကယ့်ကို လှတာပဲ... ပြီးတော့ နတ်ဘုရားနယ်မြေနဲ့ တကယ်တူတယ်... "
ပိုင်ယွိလေးက ထိုသို့ကြားတော့ မျက်လုံးလေးမှိတ်တဲ့အထိပြုံးပြီး ခေါင်းတညိတ်ညိတ်ဖြင့်
" ဒါပေါ့... ဒါပေါ့... ငါလေးက တော်တယ်လေ...
ဒါပေမဲ့ ရှောင်ယွီလေးလည်း ငါ့လိုတော်တာပဲ... ဟီးဟီး... "
ရှောင်ယွီလေးက အပျော်လွန်ပြီးအပြုံးမဆုံးနိုင်တဲ့ သူ့ကို ကြည့်ပြီး ခေါင်းခါလိုက်သည်။
သူမက ချောင်းတချက်ဟန့်ပြီး
" ဟုတ်ပြီး ငါတို့နှစ်ယောက် ပန်းချီရေးဆွဲပြီးပြီးပါးပါးတို့ကို သွားခေါ်ရအောင်..."
" အားယာ့! ငါမေ့နေတာ...
လာ ပါးပါးတို့ကို
သွားခေါ်ရအောင်လေ" ပိုင်ယွိလေးက ထိုသို့ပြောပြီးတော့ ရှောင်ယွီလေးရဲ့ လက်ကိုဆွဲကာ တဖက်က ဇရပ်ကို ဦးတည်လိုက်သည်။
တဖက်မှာ ရှောင်ကျန့်က ပိုင်ယွိလေးနဲ့ရှောင်ယွီလေးတို့ လက်ဆွဲပြီးလာတာကိုတွေ့တော့ သူတို့ကို သွားကြိုလိုက်သည်။
ဝမ်ရိပေါ်က ကလေးတွေဆီကို ခြေလှမ်းသွက်သွက်နဲ့သွားနေတဲ့ ရှောင်ကျန့်ကြောင့် ခေါင်ခါပြီးပြုံးလိုက်မိသည်။
သူက ကလေးတွေရဲ့လက်ကိုတဖက်ဆီဆွဲပြီး သူ့ဆီကိုပြန်လာနေတဲ့ ရှောင်ကျန့်ကို နူးညံ့စွာကြည့်လိုက်သည်။
" ဝမ်ကောကော ပိုင်ယွိလေးနဲ့ရှောင်ယွီလေးတို့က ပန်းချီဆွဲလို့ပြီးပြီးတဲ့... လာ ကျန့်ကျန့်တို့သွားကြည့်ရအောင်... "
ရှောင်ကျန့်က ပိုင်ယွိလေးနဲ့ရှောင်ယွီလေးတို့ ရဲ့လက်ကို ဆွဲခေါ်လာပြီးတော့ ဝမ်ရိပေါ်ကို ပြောလိုက်သည်။
" ကောင်းပြီလေ... " ဝမ်ရိပေါ်က ထရပ်ပြီး ပြောကာ သူတို့ရဲ့လက်ဆွဲတဲ့အဖွဲ့ထဲကိုဝင်ပါလိုက်သည်။
ဒီလိုနဲ့ သူတို့မိသားစုက ပန်းချီဆွဲတဲ့ဇရပ်ကိုရောက်သွားကြပြီး နတ်ဘုရားနယ်မြေပန်းချီကို အတူတူကြည့်လိုက်ကြသည်။
ရှောင်ကျန့်က ပန်းချီကားကို တွေ့တော့ မျက်လုံးလေးဝိုင်းသွားပြီး ဝမ်ရိပေါ်ကို မေးလိုက်သည်။