ထိုသို့ကြားတော့ ရှောင်ကျန့်က သူ့ကို လှည့်ကြည့်ပြီး
" ပြောသာပြောတာ...
ကျန့်ကျန့် ဝမ်ကောကောကို စိတ်ကောက်တာက ဟုတ်ပြီး...
ဒါပေမဲ့ ကျန့်ကျန့် က ဝမ်ကောကော စိတ်ကောက်တာ မမြင်ဖူးသေးဘူး... "
ဝမ်ရိပေါ်က ထိုသို့ကြားတော့ ပြုံးလိုက်ပြီး
" ကိုယ်က ကျန့်ကျန့် ကို စိတ်မကောက်ချင်ပါဘူး...
ဒါပေမဲ့ ကျန့်ကျန့် အပေါ် စိတ်မကောက်ရဖို့ နည်းလမ်းသုံးမှာ"
ရှောင်ကျန့်က ထိုသို့ကြားတော့ မျက်ခုံးတွန့်သွားပြီး
" ဘာ နည်းလမ်းကိုသုံးမှာလဲ "
ဝမ်ရိပေါ်က သူ့အမေးကို
တိုးတိုးလေးရယ်ပြီးခေါင်းခါပြသည်။
ရှောင်ကျန့်က မျက်နှာလွဲလိုက်ပြီး
" ဟန့်... "
ဝမ်ရိပေါ်က ထိုသို့မြင်တော့ ပျော်ရွှင်စွာနဲ့ ပြုံးလိုက်သည်။
.......
ပိုင်ယွိလေးက သူ့ရဲ့ ပန်းချီကို ဆွဲလို့ပြီးတော့ ပျော်သွားသည်။
" ဟူး... ဟူး...
ငါ့ရဲ့ ပန်းချီကို ဆွဲပြီးပြီး... "
ရှောင်ယွီလေးက သူ့စကားကို ကြားတော့ ပခုံးတစ်ချက်ပင့်ရင်း သူမရဲ့ စုတ်တံကို ချလိုက်သည်။
သူမက စကားမဆိုဘဲ ပိုင်ယွိလေးကို မျက်ခုံးပင့်ပြီးကြည့်ကာ သူမရဲ့ ပန်းချီကားကို မျက်စပစ်ပြလိုက်သည်။
ပိုင်ယွိလေးက ရှောင်ယွီလေးရဲ့ ပန်းချီကို ကြည့်ပြီး အံ့အားသင့်သွားတဲ့အသံနဲ့
" ဝိုး.... ရှောင်ယွီလေး မင်းရဲ့ပန်းချီကားက လှလိုက်တာ ငါ့အိပ်မက်ထဲက နတ်ဘုရားနယ်မြေအတိုင်းပဲ "
ရှောင်ယွီလေးက ပြုံးလိုက်ပြီး
" ဒါပဲဖြစ်သင့်တယ်လေ... ငါက နတ်ဘုရားနယ်မြေနဲ့ ဘယ်လောက်ရင်းနီးလဲ မင်းမသိပါဘူး... "
ပိုင်ယွိလေးက ထိုသို့ကြားတော့ သူ့ရဲ့မျက်လုံးကိုလှိမ့်လိုက်ပြီး
" အိုး... ဒါဆို ငါရော ငါ့ရဲ့ ပန်းချီကားကို ကြည့်လိုက်အုံး "
ရှောင်ယွီလေးက သူ့ရဲ့ ပန်းချီကားကို ကြည့်လိုက်တော့
သူမရဲ့ မျက်လုံးထဲမှာ အံ့အားသင့်တဲ့အရပ်ထင်သွားသည်။