Chapter 71

2.9K 592 29
                                    

Unicode
အခန်း (၇၁)

သူတို့ ပြဇာတ်ရုံအဟောင်းထဲမှ ထွက်ခွာခဲ့ကြ၏။ ဖန်းချောင်နန်က နောက်မှာကျန်နေရစ်ခဲ့ကာ ကျယ်ယန်ကိုစောင့်ပြီး ဆိုလာ၏။
"ငါတော့ ဒီဇာတ်ကောင်ကို ရမှာမဟုတ်တော့ဘူး"

ကျယ်ယန်လည်း မတုန်မလှုပ်ဖြင့် ပြန်ဖြေလိုက်သည်။ "စီနီယာ ခင်ဗျား အဆိုးမြင်ဖို့ မလိုပါဘူး "

ဖန်းချောင်နန် အသံတိတ်သွား​လေ၏။ ကျယ်ယန်ကတော့ မြန်မြန်လျှောက်ကာ ကျော်တက်လိုက်တော့သည်။

"မင်းအကြောင်း ငါ့ကိုပြောပြခဲ့တဲ့လူက မုကျိုးယိဆိုတာ အမှန်ပဲ။" ဖန်းချောင်နန်က သူ့ကိုလှမ်းဆွဲရင်း အသံတိုး၍​မေးလာ​၏။ " Extreme Combat က ဧည့်သည်နေရာကို မုကျိုးယိဆီကနေ မင်းဆီကို အစားထိုးပြောင်းပေးလို့ရတယ်။ "

ကျယ်ယန် ခြေလှမ်းတို့တန့်သွားကာ နောက်ဆုံးတော့ ဖန်းချောင်နန်ကို ကြည့်လိုက်သည်။ သူ ဖန်းချောင်နန်၏ အမူအရာတွေကို သေချာအကဲခတ်ကြည့်ပြီးနောက် မျက်ခုံးပင့်သွားကာ အကြင်လူ၏ သဘောထားကို လက်ခံလိုက်​လေသည်။ "ကျွန်တော် အဲ့ဒီရှိုးမှာ ပါဖို့အချိန်မရှိလို့ ခယ့်လန်နဲ့ပဲ လဲပေးလိုက်ပါ။"

ဖန်းချောင်နန် အံ့အားသင့်သွား၏။ သူက ကျယ်ယန်ံ့ကို ဖြေရှင်းဖို့ခက်ခဲသော ပြဿနာတစ်ခုအလား လှည့်ကာ ဆိုသည်။
"ငါ ပရိုဂရမ်အဖွဲ့နဲ့ သွားစီစဥ်ထားလိုက်မယ်။ "

ကျယ်ယန် သူ့ဘက်ကနေစပြီး ဖန်းချောင်နန်ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။

ဖန်းချောင်နန်မှာလည်း နောက်တစ်ဖန် ထပ်မံအံ့သြသွားရ၏။ ထို့နောက် သူလည်း လက်ကမ်းကာ ကျယ်ယန့်ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။
"ယန်ရှန်းကို ကမ္ဘာတစ်ဝှမ်း လွှမ်းမိုးစေချင်ပါဗျာ။"

" ကေျးဇူးတင်ပါတယ် စီနီယာ ထိပ်သီးနေရာကိုရောက်နေတာ မအံ့သြတော့ပါဘူး။ " ကျယ်ယန် ပြုံးပြပြီး ဖန်းချောင်နန်ထံမှ ဗိုင်းရပ်စ်ကိုရှင်းလင်းရန် သူ့အစွမ်းကို အသုံးပြုလိုက်သည်။ ထို့နောက် လက်ပြန်ရုတ်၍ အဓိပ္ပါယ်အပြည့်နှင့် ပြုံးပြလိုက်၏။

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Where stories live. Discover now