Chapter 25

4.8K 939 21
                                    

Unicode
အခန်း ( ၂၅ )

ပြင်ဆင်ပုံသွင်းနေကြစဥ်တွင် ဟူပျောင်း၏စိတ်အခြေအနေက နည်းနည်းဆိုရွားနေကြောင်း ကျယ်ယန်သတိထားမိသွားသည်။ ထို့ကြောင့် ရွှီချန်ဟောင်နှင့် တခြားလူများကို ရှောင်ကာ ဟူပျောင်းကို ရှာပြီးမေးလိုက်သည်။  “ ဘာဖြစ်လို့လဲ ”

ဟူပျောင်းက ကြိတ်မှိတ်မျိုသိပ်ထားပါသည့်တိုင် ဆက်သည်းမခံနိုင်တော့။   “ ပွဲမစမှာကတည်းက ပိုးကောင်တွေအများကြီး ရောပါနေလို့။ marketing အကောင့်တွေ ဦးနှောက်ဆေးခံထားရတဲ့ ပရိသတ်တွေနဲ့ ကံကောင်းပြီး လက်မှတ်ရထားကြတဲ့ မော့ပင်းပရိသတ်တွေက မင်းစတိတ်ပေါ်တက်တဲ့အချိန် မီးမှောင်ချ(black out)ထားမလို့တဲ့။ ”

မီးမှောင်ချတာက အနုပညာရှင်တစ်ယောက် ဖျော်ဖြေနေစဥ်တွင် အားပေးသည့်ပစ္စည်းများ၏ အလင်းရောင်များကို မီးပိတ်လိုက်တာအား ရည်ညွှန်းသည်။ မီးရောင်တွေထွန်းတာက အားပေးတာကို ကိုယ်စားပြုကာ မီးမှောင်ချတာကတော့ ဆန့်ကျင်ခုခံမှုနှင့် မနှစ်မြို့မှုကို ကိုယ်စားပြု၏။ မီးမှောင်ချခြင်းက အနုပညာရှင်တိုင်းအတွက် ရက်စက်မှုတစ်ခုပင်ဖြစ်သည်။

“ ဘာလို့ မင်းတစ်ယောက်တည်း စင်ပေါ်မတက်ရမှာလဲ။ ညနေ မင်း တစ်ကိုယ်တော်ဖျော်ဖြေတုန်း ထုံကျန်းကို ဘေးမှာ မိုက်ခရိုဖုန်းနဲ့ မတ်တပ်ရပ်ခိုင်းထားလိုက်မယ်။ သူက အဖွဲ့ထဲမှာ အရမ်းပေါ်ပြူလာဖြစ်တာ !”

ကျယ်ယန်ကတော့ ဂရုမစိုက်ပါ။  “ ရတယ်။ ကျွန်တော်က သီချင်းပဲဆိုချင်တာ။ စင်အောက်မှ မီးမလင်းရုံမကလို့ ပရိသတ်တွေက ကျွန်တော့်ကို ကြိုဆိုတာပဲဖြစ်ဖြစ်၊ မကြိုဆိုတာပဲဖြစ်ဖြစ် ဘာမှအရေးမကြီးဘူး။ ထုံကျန်းကို ဒုက္ခပေးမနေနဲ့။ ”

ဟူပျောင်းက စကားနည်းနည်းနှင့် စည်းရုံးဖို့ ကြိုစား​ကြည့်ပါသော်လည်း ကျယ်ယန်ကိုတော့ မစည်းနိုင်ခဲ့။ ဤသို့ဖြင့် ဟူပျောင်းသည် marketing အကောင့်များနှင့် မော့ပင်းကို ဆဲရေးနေခဲ့၏။ အတန်ကြာမှသာ အဆဲရပ်သွားတော့သည်။

ည ၇ နာရီ၊ တာ့ကျိုးအားကစားကွင်း၏ စတိတ်စင်အနောက်ဘက်၌။

ကျယ်ယန်က မျက်လုံးမှိတ်လျက် တစ်ယောက်ထိုင်ဆိုဖာကို မှီထိုင်နေစဥ်တွင် ထုံကျန်းက ဘေးကနေ တရပ်ဆက် ပေါက်ပေါက်ဖောက်နေ၏။

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Where stories live. Discover now