Chapter 16

5.3K 932 24
                                    

Unicode
အခန်း ( ၁၆ )

M နိုင်ငံတွင် ချိုးရှင်းသည် ပွဲတက်ဝတ်စုံပြည့်ကိုဝတ်ဆင်က ဟိုတယ်အခန်းပြတင်းပေါက်ရှေ့တွင် ထိုင်နေသည်။ သူ့မျက်နှာကို အရိပ်ကွယ်နေတာကြောင့် သူ့မျက်နှာအမူအရာခံစားချက်များကို သေချာမမြင်ရပေ။ 

သူ့ဘေးက စားပွဲလေးပေါ်တွင် လက်ပ်တော့တစ်လုံးရှိ၏။ ကွန်ပျူတာဖန်သားပြင်ပေါ်တွင် မားကတ်တင်းအကောင့်တစ်ကောင့်က ပုံကြီးချဲ့ထားသော ကျယ်ယန်၏အနက်ရောင်​​ခြစ်ရာ​တွေနှင့် ပုံရိပ်ရှည်တစ်ခုပေါ်နေသည်။ ကျယ်ယန်၏ လေကိုစိုက်​ကြည့်​နေ​သည့် ဗလာကျင်းနေသော ကြောင်တောင်တောင်မျက်နှာက screen ပေါ်မှာ နေရာ အတော်များများယူထားသည်။

“ သူဌေး ” ဟယ်ကျွင်းက ချိုးရှင်းနှင့် သုံးလှမ်းအကွာမှာရပ်ကာ ချီတုံချတုံဖြင့် မေးသည်။  “ ကျွန်တော်တို့ လူထုဆက်သွယ်ရေးအဖွဲ့( PR-  public relations) ကို ဆက်သွယ်ဖို့လိုသေးလား။ ”

“ မလိုဘူး ”  ချိုးရှင်းက လက်ကိုမြှောက်ကာ သူ့နဖူးကိုထောက်လိုက်ရင်း သူ့အသံက မထင်ထားလောက်အောင်ကို တည်ငြိမ်နေသည်။ တည်ငြိမ်လွန်အားကြီးလို့ကို ထူးဆန်းနေပြီ။  “ သူက ငါမှမဟုတ်တာ။ ဘာလို့ သူ့ပြဿနာကို ကူရှင်းပေးရမှာလဲ။ ”

ဟယ်ကျွင်းခမျာ ချိုးရှင်းအခုလေးတင် ပေါက်ခွဲလိုက်သောခွက်ကို လှည့်မကြည့်မိအောင်ကြိုးစားရင်း စကားအလှသုံးကာ ချော့မော့လိုက်ရသည်။  “ ဒါပေမယ့် သူဌေးနဲ့ပူပေါင်းထားတဲ့ကိစ္စကရှိသေးတယ်​လေ။ သူသာ သတင်းဆိုးတွေနဲ့ လွှမ်းမိုးခံလိုက်ရရင် သူဌေးလည်း —”

“ ပူပေါင်းတာလား ” ချိုးရှင်း ထူးဆန်းစွာပြုံးလိုက်၏။ သူ့လေသံက မထူးဆန်းသလို ဘာကိုမှစိတ်ပါဝင်စားမှုမရှိသည့်နှယ် ဝတ်ကျေတမ်းကျေဖြစ်နေသည်။ “ သူက ရယ်စရာကောင်းတဲ့ ကစားစရာလေးတစ်ခုသာသာပဲ။ သူနဲ့ပူးပေါင်းထားတာကို တစ်ယောက်မှ မသိဘူးမလား။ သူ့လုပ်နိုင်စွမ်းလောက်နဲ့ ငါ့ကို ဘယ်လောက်များလွှမ်းမိုးနိုင်မှာလဲ။ ကောင်းပြီလေ မင်းလည်း သွားနားတော့။ ”

သည်လူ့စကားတွေက အမှန်တွေလား စိတ်တိုလို့ပြောရုံသက်သက်ပဲလားဆိုတာကို ဟယ်ကျွင်းမပြောတတ်တော့။ ထို့ကြောင့် နဂိုလုပ်ရိုးလုပ်စဥ်တွေအတိုင်းပဲ ခန့်မှန်းတွေးတောကာ ဘာမှဆက်မပြောဝံ့တော့ပေ။  ကြမ်းပေါ်က ဖန်ကွဲစတွေကိုကုန်းကောက်ပြီးသာ လှည့်ထွက်လာခဲ့တော့သည်။ 

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Where stories live. Discover now