Chapter 22

5.2K 952 61
                                    

Unicode
အခန်း ( ၂၂ )

ကျယ်ယန်သည် နီးကပ်လာသော ချိုးရှင်းကို အပြုံးတစ်ပွင့်ဖြင့် ကြည့်နေခဲ့၏။

ချိုးရှင်းက ကျယ်ယန်နှင့် ခြေနှစ်လှမ်းအကွာတွင် ရပ်သွားကာ မျက်မှောက်ကြုတ်လျှက် မေး၏။
  “ တံခါးဝမှာ ဘာလုပ်နေတာလဲ။ ”

“ ခင်ဗျားအတွက် တံခါးလာဖွင့်ပေးနေတာလေ။ ” ကျယ်ယန်က စိတ်ကောင်းဝင်နေသဖြင့် ချိုးရှင်းစရိုက်ကို အရေးလုပ်မနေ​တော့။ ချိုးရှင်း ဝင်လာလို့ရအောင် ဘေးဖယ်ပေးလိုက်ပြီးနောက် “ အိမ်ကနေ ကြိုဆိုပါတယ် ” ဟု နှုတ်ဆက်လိုက်သည်။

ချိုးရှင်းက ဘာမှပြန်မပြောဘဲ ကျယ်ယန်ကို ကျော်ကာ အိမ်ထဲဝင်သွား၏။

ကျယ်ယန်လည်း ခြေတစ်လှမ်းအကွာဖြင့် ချိုးရှင်းနောက်သို့ လိုက်လာခဲ့သည်။ “ ဒီနေ့လေ ကျွန်တော် ကျယ်ရှို့ကို ဒုက္ခပေးခဲ့တယ်။ အပြန်အလှန်အနေနဲ့ သူ့ကိုကူညီရအောင် ပရောဂျက် လုပ်ငန်းဆောင်တာတွေကို အရှိန်မြှင့်ပေးဖို့  ခင်ဗျားကိုပြောပေးမယ်လို့ ကတိပေးခဲ့တယ်။ ”

ချိုးရှင်းက စကားမပြန်သေးပေ။

“ ကျွန်တော့်ရဲ့ ပထမဆုံး ဖျော်ဖြေပွဲကို ခင်ဗျား တကယ်ကြီး လာမကြည့်ဘူးလား။  ”

ချိုးရှင်းက ကျယ်ယန်ကို လှည့်ကြည့်လာ၏။ နှစ်စက္ကန့်မျှကြာသည်အထိတိုင် စကားတော့မပြောလာပေ။ သူ့ဂျာကင်ကို ကြယ်သီးဖြုတ်ချွတ်ပြီး ဆိုဖာပေါ်ပစ်တောမည့်ဆဲဆဲတွင် သူ့ဘေးနားကနေ လက်တစ်ဖက်ကမ်းလာ၏။

ချိုးရှင်းလက်မောင်းက တန့်သွား၏။

ကျယ်ယန်သည် ဂျာကင်ကိုယူကာ နောက်ကလိုက်လာသော လျှိုရှားထံသို့ လက်လွှဲပေးလိုက်သည်။ ထို့နောက် ထပ်မေးလိုက်​၏။  “ ခင်ဗျား ရှိုးပွဲကြည့်ချင်လား။ ကျွန်တော် ခင်ဗျားကို ရှေ့ဆုံးတန်းက VIP လက်မှတ်ပေးမယ်လေဗျာ။ ”

နောက်ဆုံးမှာတော့ ချိုးရှင်း ပါးစပ်ဟလာပြီး လှော်သလိုလို ခနဲ့သလိုလို ပြုံးပြလာ၏။  “ မင်း ဘာတွေထပ်ကြံနေပြန်တာလဲ။ ”

ကျယ်ယန် တိတ်တဆိတ် နောင်တရသွားသည့်တိုင် ပွင့်ပွင့်လင်းလင်းပဲ ပြန်ဖြေလိုက်သည်။   “ ခင်ဗျားဆီက အကူအညီလေးနည်းနည်းလောက် တောင်းစရာရှိလို့။ ”

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Where stories live. Discover now