Chapter 9

6K 1K 0
                                    

Unicode
အခန်း ( ၉ )

ဝူရွှေ့က သူ့ပစ္စည်းများကို သယ်ပိုးပြီးသွားတော့ ကျယ်ယန်လည်း လိုအပ်သောအသုံးအဆောင်များ ဝယ်ခြမ်းဖို့ရာ အနားက လျှပ်စစ်ပစ္စည်းဆိုင်သို့ တက်စီတစ်စီးနှင့်ထွက်လာခဲ့၏။ သွားရင်းလာရင်း သူ့ဗိုက်ကိုလည်းဖြည့်ခဲ့သေးသည်။ ထို့နောက် အခုမှဝယ်လာသော အသစ်စက်စက်လက်ပ်တော့လေးကိုထုတ်ကာ အရင်ဘဝက ရေးခဲ့ပြီးသား သီချင်းများကို ပြန်ပြင်ဆင်ရန် အဆောင်သို့ ကရောသောပါးပြန်လာခဲ့တော့သည်။

ည ၁၁ နာရီ၌ သူ့ကွန်ပြူတာကို အချိန်ကိုက်ပိတ်လိုက်လေသည်။ ထို့နောက် မျက်နှာသစ် ခြေလက်သန့်စင်ကာ အိပ်ရာဝင်ခဲ့၏။ အနှီညက အိပ်မက်မမက်သော ညချမ်းတစ်ခုဖြစ်ခဲ့ကာ နောက်တစ်နေ့မှာလည်း ကျယ်ယန် သူ့သီချင်းများကို ဆက်လက်ပြင်ဆင်နေခဲ့သည်။

နေ့လည်ပိုင်း၌ ဟူပျောင်းက သူ့ကိုဖုန်းဆက်ကာ ဖော်ဖော်ရွေရွေစကားဆိုလာ၏။ ဟူပျောင်းက တောင်းပန်လာခဲ့ပြီး သူ့ကိုယုံကြည်စိတ်ချဖို့ရန် အားပေးလာသည်။ သီချင်းအသစ်ကိုလည်း လေ့ကျင့်ထားဖို့ပြောလာကာ သူ့ကိုအောင်မြင်အောင်လုပ်ပေးမည်ဟုပါ ကတိတွင်တွင်ပေးနေခဲ့သေးသည်။

ကျယ်ယန်ကတော့ ဖုန်းကို hands-free mode ဖြင့် စားပွဲပေါ်မှာတင်ကာ မကြာမကြာသာ ဝတ်ကျေတမ်းကျေပြန်အဖြေ​ပေးနေ၏။ သို့သော် သူ့လက်ချောင်းများကမူ ကီးဘုတ်ပေါ်မှာသာ အလျှင်အမြန် ရွေ့လျားလို့နေသည်။ ၁၀ မိနစ်ကျော်တော့ ဟူပျောင်းက ဖုန်းချသွားခဲ့သည်။ ကျယ်ယန်လည်း ကီးဘုတ်နှိပ်နေသော လက်ချောင်းများကိုရပ်ကာ ဖုန်းယူလျှက် Weibo ဖွင့်ပြီး IUD အကြောင်းကို နှိပ်လိုက်လေသည်။

ဟူပျောင်းက ဘာအကြောင်းပြချက်မှမရှိဘဲ ဖုန်းခေါ်မည်မဟုတ်ပေ။ တစ်ခုခုတော့ဖြစ်နေ​လေပြီ။ အသေအချာအပင်။ မနေ့ညက ဟူပျောင်း၏ Weibo အောက်ကပွဲက ပေါက်ကွဲလို့နေ​လေပြီ။

ကလောင်တံနဲ့ ဓားရှည်သခင်က အားဝမ်နှင့်အတူ S မြို့တော်ရုပ်မြင်သံကြားဌာနမှထွက်လာသော ကျယ်ယန်၏ဓာတ်ပုံများကို IUD အကြောင်းတွင်တင်ကာ လှောင်ပြောင်ထား၏။ : သူ့ရဲ့တက်ကြွနေတဲ့ပုံကြီးကိုလည်း ကြည့်ကြဦး။ အရေးပေါ်အခြေအနေတဲ့လား။ ဟာသပဲ။ သူက လီဆယ်နေတာ ! ငါ့အစ်ကိုတွေကို နောက်ကွယ်က​နေဆွဲချနေတာ ! ငါ့သူငယ်ချင်းပြောတာတော့ Hello Holiday အဖွဲ့က IUD အပေါ်မှာ ထင်မြင်ချက်တွေအများကြီးရှိပြီး IUD ကလည်း ပရိုဂရမ်ပေါ်မှာ လုံးဝလေးစားမှုမရှိသလိုပဲတဲ့။ နောက်ဆို IUD ကို ဖိတ်မှာတောင်မဟုတ်တော့ဘူးဆိုပဲ !

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Where stories live. Discover now