Chapter 19

5.2K 917 39
                                    

Unicode
အခန်း ( ၁၉ )

ကျယ်ယန် ကြက်စွပ်ပြုတ်တစ်အိုးလောင်းချပြီးနောက် အားလုံး တက်ကြွလန်းဆန်းသွားကြသည်။

ခယ့်လန် : သူမှန်တယ်။  IUD က မပြိုကွဲသေးဘူး။

ရွှီချန်ဟောင် : ဟုတ်တယ်။

ထုံကျန်းတစ်ယောက်တည်းသာ ဆိုလိုရင်းကနေ လွဲချော်နေခဲ့၏ : သီချင်းအသစ် အသံသွင်းမှာလား။ ဘယ်တော့လဲ။ ဘာလို့ ငါက မသိရတာလဲ။ စီစဥ်ခါစပဲရှိသေးတာ မဟုတ်ဘူးလား။ စာသားနဲ့ ခေါင်းစဥ်လည်း မထုတ်ရသေးဘူးလေ။

အားလုံး , “……”

group ထဲက လေထုက ချက်ချင်းသာယာသွားကာ ခယ့်လန်မှ voice မက်ဆေ့နှစ်စောင် ပို့ပေးလာ၏။

“ စာသားတွေလည်းပြီးလို့ သီချင်းခေါင်းစဥ်တောင် အတည်ပြုပြီးသွားပြီ။ သီချင်းကို IUD လို့ ပေးထားတယ်​လေ။ ”

“  ‘IUD’အယ်လ်ဘမ်ကြောင့် အောင်မြင်ခဲ့သလို ‘IUD´ သီချင်းနဲ့ပဲ အဆုံးသတ်ကြမယ်။ အားလုံးပဲ အတူတူအားပေးကြရအောင်။ ”

တအင်္ဂမျှ အသံတိတ်သွား​ကြ၏။ 

ထုံကျန်း : လုပ်ကြစို့ !!

ရွှီချန်ဟောင် : လုပ်လိုက်ကြစို့

ဟူပျောင်း : လုပ်ကြတာပေါ့ !

ကျယ်ယန်လည်း ပြုံးရယ်ရင်း အားပေးလိုက်သည်။ သူ စိတ်ပျော်နေကာ ချိုးရှင်းကို မနေနိုင်မထိုင်နိုင် WeChatကနေ စာပို့လိုက်၏။ : ခင်ဗျား ဘယ်တော့ပြန်လာမှာလဲ။  ရှိုးလာကြည့်လှည့်ဗျာ။

ချိုးရှင်းက စက္ကန့်ပိုင်းအတွင်း စာပြန်လာသည် : အခု

ကျယ်ယန် မှင်သက်သွားပေမယ့် ဆိုလိုရင်းကို အမြန်သဘောပေါက်သွား၏။ သူ အခန်းအပြင်သို့ထထွက်ပြီး ဝရံတာမှနေကာ အပန်းဖြေအိမ်ဝင်ပေါက်ရှိရာသို့ လှမ်းမျှော်ကြည့်လိုက်သည်။

စက္ကန့်အတော်ကြာတော့ ကားရှေ့မီးရောင်များက ညအမှောင်ကို ဖောက်ထွင်းထွက်လာသည်။ တံခါးမကြီးနှစ်ချပ်က ပွင့်သွားပြီး ရင်းနှီးကျွမ်းဝင်နေသော ကားအနက်တစ်စီးမောင်းဝင်လာကာ ဗီလာရှိရာသို့ ဦးတည်လာသည်။

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Where stories live. Discover now