Chapter 13

5.7K 994 24
                                    

Unicode
အခန်း ( ၁၃ )

ချိုးရှင်းက ကောင်ခါငင်ကာ စိတ်ဆိုးသွားပြီး ကျယ်ယန်ကိုပစ်ထားခဲ့ကာ ဗီလာရှိရာသို့ ခြေလှမ်းကျဲကြီးများနှင့် ပြန်သွားလေသည်။

ကျယ်ယန်ကတော့ အနှီလူ၏ စိတ်အပြောင်းအလဲမြန်မှုကို ကျင့်သားရနေပြီးဖြစ်လို့ သိပ်အရေးစိုက်မနေတော့။ သူ့လက်ဖဝါးကိုသုတ်ကာ ဗီလာသို့ပြန်လာခဲ့တော့သည်။

ဧည့်ခန်းထဲတွင် မည်သူမှမရှိတော့။ ချိုးရှင်းက တံခါးကိုဖြတ်ကာအရင်ဝင်သွားပေမယ့် သူဘယ်သွားလဲဆိုတာတော့ မသိပေ။ ကျယ်ယန် ဆိုဖာမှာ တစ်ယောက်တည်းဝင်ထိုင်ပြီးနောက် စားပွဲပေါ်က လက်ဖက်ရည်ခွက်ကို ကိုယ်တိုင်ယူသောက်ပြီး ပါးစပ်ထဲမှာ သေချာအရသာခံလိုက်၏။

မိနစ် ၃၀ လောက်ကြာတော့ ဒုတိယထပ်စာကြည့်တိုက်ကနေ ကျယ်ရှို့တစ်ယောက် တက်ကြွတဲ့ကြက်ဖကြီးလို ဆင်းလာ၏။ သူက ဧည့်ခန်းထဲမှာ တစ်ကိုယ်တည်းထိုင်နေသည့် ကျယ်ယန်ကိုလည်းမြင်ရော ပုံမှန်ပြောနေကျ အမိန့်ပေးသံနှင့် ပြောရန် ပါးစပ်ဟလိုက်၏။  

“ ခင်ဗျားပါးစပ်ပေါက်ကိုမဟခင် နှစ်ခါပြန်စဥ်းစားဖို့ အကြံပေးချင်တယ်။ ” ကျယ်ယန်က လက်ဖက်ရည်ခွက်ကို ကလိရင်း မော့ကြည့်လာသည်။ 
“ ခင်ဗျားသာ ကျွန်တော့်ကို စော်ကားမော်ကားပြောခဲ့ရင် ခင်များရဲ့ အပန်းဖြေစခန်းကြီး ပျက်စီးသွားမှာပေါ့။ ”

ကျယ်ရှို့ ချောင်းဟန့်ကာ ရှုံ့မဲ့နေသောသူ့မျက်နှာကို ဆွဲဖြဲလျှက် အားတက်သရော ပြုံးပြလိုက်၏။ ခဏမျှကြာတော့ ခြောက်တိခြောက်ကပ်ဖြင့် မေးမြန်းလာသည်။   “ ဘာတွေပြောနေတာလဲ ငါ့သားရာ။ အ​ဖေက အကြောင်းမရှိဘဲ သားကို စိတ်ဆိုးအောင်လုပ်ပါ့မလား။ ”

ကျယ်ယန်က သူ့ကို အရေးမလုပ်ပေ။ ကျယ်ရှို့က သူ့လက်ထဲရှိ စာရွက်စာတမ်းအိတ်ကို ဆုပ်ကာ ချစ်လှစွာသော ဖခင်တစ်ယောက်၏ အမူအရာမျိုးကို ဖျစ်ညှစ်ဟန်ဆောင်လာသည်။ သူက ကျယ်ယန်ဆီသို့တိုးသွားပြီး ခါးခါးသီးသီး ပြောလိုက်သည်။

“ ယန်ယန် တကယ်တော့လေ သား အဖေ့ကို နားလည်မှုလွဲနေတာပါကွာ။ သားကို ကောင်းစေချင်လို့ အဖေ သားအပေါ်မှာ ရက်စက်မိသွားတယ်။ သား အောင်မြင်လာဖို့ အဖေက မျှော်လင့်တာပါကွာ !”

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Where stories live. Discover now