Chapter 27

5.3K 973 122
                                    

Unicode
အခန်း ( ၂၇ )

ထုံကျန်းက သီချင်းစဆိုနေပြီ။ အားကောင်းသော သူ့အသံစူးစူးက စူးရှကျယ်လောင်သော ဂီတစည်းချက်များနှင့် ပေါင်းစပ်သွားချင်းမှာပဲ စတိတ်ပေါ်ရှိလေထုက ပြောင်းလဲကွဲပြားသွားသည်။ သီချင်းက ကောင်းလွန်းလှပေမဲ့ လူတွေကတော့ သိပ်အရေးမစိုက်နိုင်ပေ။

ပရိသတ်များသည် ထိတ်ထိတ်ပျာပျာဖြင့် မေးခွန်းပေါင်းစုံကို မေးမြန်းနေကြ၏။ တိုက်ရိုက်ထုတ်လွှင့်မှု၏ ဝေဖန်လေကန်ရေးနေရာတွင်လည်း  question mark များဖြင့် ပြည့်နှက်လျက်။  # ထုံကျန်း၏ solo ထွက်ခြင်း # ဟူသော ခေါင်းစဥ်သည် Weibo ပေါ်သို့ အမြန်အပေါ်တက်သွား၏။

စင်အောက်၌မူ ဟွမ်မော့သည် ခဏတာ ချည်တုံချတုံဖြစ်နေပြီးမှ သက်ပြင်းမောချလိုက်၏။ 

“ မင်းမှာ ဒီလိုအကြံအစည်တွေရှိတာ ဘူးပေါ်သလို ပေါ်လာပြီပဲ။ မင်းက ဘာကြောင့် အကောင်းဆုံးအရာတွေပဲ လိုချင်နေလဲဆိုတာ အံ့သြစရာမရှိတော့ပါဘူး …”   ရှော့ခ်ရသွားသော မော့ပင်းကို လှည့်ကြည့်ကာ လှောင်ပြုံးပြုံးလျက် ထေ့ငေါ့လိုက်သည်။       “ မော့ပင်း လူတိုင်းက မင်းထက် စိတ်ကောင်းနှလုံးကောင်း ပိုရှိကြတယ်။ ဂုဏ်ယူပါတယ် မင်းဆန္ဒတွေပြည့်ဝသွားပြီ။ နောက်ဆုံးတော့  IUD လည်း ဖျက်သိမ်းသွား​ပြီပေါ့။ ”

မော့ပင်းကတော့ ဘာကိုမှမကြားတော့။ သူသည် စတိတ်ပေါ်က ထုံကျန်းကိုသာ ကြောင်ကြည့်နေသည်။ ဒါဆို  IUD က … တကယ်ပဲ ဖျက်သိမ်းခံရတော့မှာလား။

ထုံကျန်း သီချင်းအဆုံးသတ်သွားသော်လည်း ပရိသတ်များထံမှ ဘာလက်ခုပ်သံမှ ထွက်မလာပေ။ သူက မိုက်ကိုချကာ ခက်ခက်ခဲခဲ မျက်တောင်ခတ်လျက် စိုးရိမ်သောကတို့ဖုံးလွှမ်းနေသော အားကစားရုံသို့ စူးစိုက်ကြည့်လိုက်သည်။ ထို့နောက် တလေးတစားဖြင့် ဦးညွတ်ကာ   “နောက်ထပ်ကတော့ … ခယ့်လန်အလှည့်ပဲ ဖြစ်ပါတယ်။ ”

စတိတ်က မှောင်သွားပြီး မီးရောင်များက ခယ့်လန်၏ပုံရိပ်ပေါ်လာသော စင်္ကြံလမ်းညာဘက်သို့ စုဆုံသွားသည်။ သူက ပရိသတ်များကို လက်ဝှေ့ယမ်းပြလျက် ဆိုသည်။    “ ကျွန်တော်ဆိုမဲ့ နောက်ထပ်သီချင်းကတော့ ကျွန်တော့်ဘဝမှာ နောက်ဆုံးဆိုတဲ့ သီချင်းဖြစ်ပါလိမ့်မယ်။  "အချိန်နတ်ဘုရား " လို့ အမည်ရပြီး ချန်ဟောင်က ကျွန်တော့်အတွက် ရေးစပ်ပေးထားတာပါ။ ”

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Where stories live. Discover now