Chapter 46

4.5K 843 19
                                    

Unicode
အခန်း ( ၄၆ )

ကျယ်ယန် ထိုလူကို ထိပ်တိုက်ရင်ဆိုင်တွေ့ဖို့ သတ္တိရှိရှိခေါ်ထုတ်ရဲသည်မှာလည်း မူလပိုင်ရှင်ထားရစ်ခဲ့သမျှ ပစ္စည်းတွေထဲမှာ မုကျိုးယိနှင့်ပတ်သက်တာ ဘာတစ်ခုမှ မပါတာကြောင့်ပင်။ Weibo အရန်အကောင့်မှတစ်ပါး မူရင်းပိုင်ရှင်၏ ဆိုရှယ်မီဒီယာများအားလုံးတွင် ဘာဆက်ဆံရေး ဘာသဲလွန်စမှာ ချန်မထားခဲ့ပေ။ 

မူလပိုင်ရှင်က သည်အရန်အကောင့်ကို ဖွင့်ခဲ့သည်ဟု ကောက်ချက်ချနိုင်သော်လည်း မုကျိူးယိ  Weibo ပေါ်မှာတောင် သူ့အိုင်ဒေါလ်ကို မချီးကျူးဖူးပေ။ မူလပိုင်ရှင်သာ မုကျိုးယိ၏ဖန်တစ်ယောက်ဖြစ်ခဲ့ပါလျှင်လည်း ပေါ်ပေါ်ထင်ထင် နောက်ယောင်ခံလိုက်တာမျိုးကို ဘယ်တော့မှ လုပ်ခဲ့မှာမဟုတ်။

ဓာတ်ပုံဝယ်သည့်ကိစ္စကလည်း တစ်စုံတစ်ယောက် တမင်တကာ ကြံစည်ထားသော သတင်းအတုသာ ဖြစ်ရမည်။

ကျယ်ယန်က​တော့ မကြောက်ပေါင်။

သူ့တုံ့ပြန်မှုက ရဲတင်းလွန်းပြီး မှားယွင်းစွပ်စွဲခံရလို့ ဒေါသထွက်နေသည့်လူနှယ် ကောလာဟလဖြန့်သူကိုသာ ရှာဖွေချင်နေ၏။ ထိုအမူအရာက သတင်းကို တိုက်ရိုက်ငြင်းလိုက်တာထက် ပိုယုံဖို့ကောင်းသွားသည်။

Comment နေရာက ခဏမျှ အေးခဲသွားပြန်၏။ ထိုစဥ် လူတစ်​ယောက်က ကျယ်ယန်သည် စတားတစ်ယောက်ဆိုသော နာမည်ကိုအသုံးချဖိအားပေးကာ သတင်းဖြန့်သူ့ကို ထိခိုက်​စေဖို့ ပရိသတ်တွေကို တိုက်တွန်းနေသည်ဟု ထွက်ပြောလာသည်။

ကျယ်ယန် မျက်ခုံးပင့်သွား၏။   “ ကျွန်တော့်ပရိသတ်တွေက လိမ္မာပြီး ဥပဒေကို လိုက်နာတဲ့ ချစ်စရာကလေးလေးတွေပါ။ ကျွန်တော့်ကို နာမည်ဖျက်တဲ့လူကို ကိုယ်ထိလက်ရောက်ထိခိုက်စေမယ့် ကိစ္စမျိုးကို လုပ်ကြမှာမဟုတ်ဘူး။  ဥပဒေအရ … အချက်အလက်တွေကို အားလုံးကို အမှန်လို့ ယူဆရင်တောင်  လူတစ်ယောက်ရဲ့ ဝယ်ယူမှုမှတ်တမ်းကို ချပြတဲ့အပြုအမူက  အွန်လိုင်းအကြမ်းဖက်မှုမြောက်နေပြီမဟုတ်လား။ စျေးသည်တစ်ယောက်က  ဒီမှာရှိနေတဲ့လူအားလုံးရဲ့ ဝယ်ယူမှုမှတ်တမ်းတွေကိုချပြလို့ အတင်းအဖျင်းတွေ ကောလာဟလတွေထွက်လာခဲ့ရင်ရော။ ဒီကိစ္စကို အရေးမကြီးဘူးလို့ပဲ ယူဆကြဦးမှာလား။ အချက်အလက်တွေက အမှားတွေဖြစ်​နေရင် ကိစ္စက ပိုဆိုးသွားပြီလေ။ ငါက ကောလာဟလဖြန့်ဖို့ အသုံးချခံလိုက်ရတာ။ ပြီးတော့ ဒီကောလာဟလမှာ အပြစ်မဲ့တဲ့ စီနီယာကိုပါ ဆွဲထည့်ထားသေးတယ်။ အရာအားလုံးကို ဖြေရှင်းပြီး ကောလာဟလတွေ ဆက်မပြန့်ပွားစေဖို့  ဒီလူကို ငါရင်ဆိုင်သင့်တယ် မဟုတ်ဘူးလား။ ”

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Waar verhalen tot leven komen. Ontdek het nu