Chapter 3

7.9K 1.1K 52
                                    

Unicode
အခန်း ( ၃ )

ချိုးရှင်းသည် ဒီအချိန်မှာဖြစ်သွားသော ကျယ်ယန်၏မျက်နှာအမူအရာကို သဘောကျသွားကာ စိတ်အေးလက်အေးဖြင့် အသာအယာ စကားပြောင်းလိုက်၏။
" နောက်တာပါ။ သူက ကျယ်မိသားစုက ကစားစရာလေး။ ငါနဲ့ နောက်နှစ်နည်းနည်းလောက်တော့ အတူရှိနေရလိမ့်မယ်။ "

ကျယ်ယန်: "......"

ဖုန်ချင်းလင်ကတော့ ကြောင်အသွားပုံပင်။ အခုအဖြေက ' အစောပိုင်းက နောက်တယ်ဆိုသောဟာသ ' ထက် ပိုကောင်းလာပုံမပေါ်။ သူတို့ ဘာမှမတုံ့ပြန်လာတာကိုမြင်တော့ ချိုးရှင်းမျက်နှာထားက နောက်တစ်ဖန်ခက်ထန်လာပြန်သည်။ " ဒီဟာသက မရယ်ရဘူးလား။ "

ဖုန်ချင်းလင်မှာ အသည်းအသန် ပြုံးပြလိုက်ရတော့၏။ " ဦးလေး ခင်ဗျားက တကယ့်ကို ဟာသဉာဏ်ရွှင်တာပဲ။ ဦးလေးက အတည်ပေါက်ကြီးနဲ့ပြောလိုက်တော့ ကျွန်တော့်မှာ​လေ
ယောကျာ်းတစ်ယောက်က ကျွန်တော်ဒေါ်လေးဖြစ်လာတယ်လို့ တကယ်ကြီးထင်ပြီး လန့်ဖျန့်သွားတာပဲ။ ဒါပေမယ့် ကျယ်မိသားစုက ယောကျာ်းလေးတစ်ယောက်ကို ဘာလို့လွှတ်လိုက်တာလဲ။ ဦးလေးက ..."

" တူလေး မင်း အမေးအမြန်းထူလွန်းနေပြီ။ " ချိုးရှင်း၏မျက်နှာက ထူးထူးခြားခြား ပြောင်းလဲသွားကာ မတ်တပ်ရပ်လျှက် အေးတိအေးစက်ဖြင့် ပြောလာသည်။ " ကောင်းကောင်းအနားယူ " ထို့နောက် ချက်ချင်းပဲ လှည့်ထွက်လာခဲ့၏။

ကျယ်ယန်ကတော့ ဖုန်ချင်းလင်ကို အကဲခတ်နေမိ၏။ ဖုန်ချင်းလင်က သူ့အကြည့်ကိုသတိထားမိသွားကာ ကူကယ်ရာမဲ့စွာဖြင့် ပြုံးပြလာသည်။ " ငါ့ဦးလေးက ဒီလိုပဲ။ မင်း ... ဒီမှာရှိနေသမျှကာလပတ်လုံး ဦးလေးကို ဂရုစိုက်ပေးပါဦး။ ကျေးဇူးတင်ပါတယ်။ "

ရုပ်ရှင်လောကရဲ့ အနာဂတ်ဧဏရာဇ်ကြီး ဖြစ်ဖို့ ထိုက်တန်ပါတယ်။ သရုပ်ဆောင်ကတော့ သိပ်ကောင်း။

ကျယ်ယန်ကတော့ ပြန်တောင်မဖြေတော့ဘဲ ချိုးရှင်းအနောက်သာ လိုက်သွားတော့၏။ ဇာတ်လိုက်မ၏ နောက်ဆက်တွဲသရုပ်ဆောင်မှုကို မြင်ချင်သည်လေ။

' ဝတ္ထုရဲ့ မူရင်းဇာတ်ကြောင်းမှာဆိုရင် နာမကျန်းဖြစ်နေတဲ့လူနာဆီ သွားလည်တဲ့အပိုင်းအား ဇာတ်လိုက်မင်းသမီးရဲ့ ရှုထောင့်ကနေ ရေးသားထားတယ်။ ဒီနေ့ညနေပိုင်းမှာ သူမရဲ့အေးဂျင့်နဲ့ ဆက်သွယ်ပြီးနောက် ဇာတ်လိုက်မင်းသားရဲ့အကြောင်းကို သေချာမသိတဲ့ ဇာတ်လိုက်မင်းသမီးက ဆေးရုံသို့ ကပျာကယာ လာကြည့်ခဲ့တယ်။ ဇာတ်လိုက်မင်းသမီးက ဇာတ်လိုက်မင်းသားနဲ့ ချိုးရှင်းရဲ့စကားဝိုင်းကို မတော်တဆကြားသွားခဲ့ပြီး ဖုန်ချင်းလင်ရဲ့ ဘဝတစ်စေ့တစ်စောင်းကိုသိသွားကာ သနားကရုဏာသက်သွားခဲ့တယ်။ ဇာတ်လိုက်မင်းသားကို ဂရုမစိုက်ဘဲ မနေနိုင်ခဲ့ဘူး။ ဒီနေရာမှာ နောက်ထပ်ဇာတ်ကွက်သေးသေးလေးလည်း ရှိ​သေးတယ်။ ဇာတ်လိုက်မင်းသမီးက ခိုးကြောင်ခိုးဝှက်နားထောင်တဲ့အပေါ် အလွန်အမင်း အာရုံစိုက်နေခဲ့လို့ ချိုးရှင်းရုတ်တရက်ပြန်ထွက်လာတာကို သတိမထားလိုက်မိဘူးလေ။ ဇာတ်လိုက်မင်းသမီးက အလောတကြီး ထွက်ပြေးပြီး ဗီလိန်ရဲ့အာရုံကို အောင်အောင်မြင်မြင် ဆွဲဆောင်နိုင်သွားပါရော။ '

အရင်ကဆိုလျှင်တော့ ကျယ်ယန်က ရိုမန့်တစ်ဆန်သော ဝတ္ထုများထဲမှ ယခုလိုဇာတ်ကွက်တွေကို မုန်းသည်။ သို့ပေမယ့် ယခုတစ်ခါတော့ သူတကယ့်ကို ကြည့်ချင်နေပြီ။

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Where stories live. Discover now