Chapter 47

4.8K 846 44
                                    

Unicode
အခန်း ( ၄၇ )

ညနေ ၄ နာရီ၌။

ချိုးရှင်း ရုံးခန်းထဲမှထွက်လာတော့ မပြန်သေးသော ကျယ်ယန်ကို တွေ့သွား၏။ သူက နားနေခန်းထဲက ဆိုဖာပေါ်မှာ တစ်ရေးတစ်မော မှေးနေ၏။ ချိုးရှင်း တန့်သွားပြီး လှစ်ခနဲ နောက်ပြန်ပြေးလေတော့သည်။

သို့သော် ကျယ်ယန်က ချက်ချင်းနိုးလာကာ ချိုးရှင်းရှိရာကို လှမ်းကြည့်လာ၏။ ထို့နောက် သူ့အမူအရာကို ပြန်ပြင်ကာ ထိုင်ရာမှထလျက် မေးလိုက်သည်။  “ အလုပ်​ပြီးပြီလား။ ဗိုက်ဆာနေပြီလား။ နေ့လည်က ခင်ဗျား ထမင်းသိပ်မစားမှန်း ကျွန်တော်သိတယ်။ ”

“……”

ချိုးရှင်းက နေရာမှာပဲ ရပ်လိုက်၏။   “ ငါ့ကို ဒါလေးမေးဖို့အတွက် ဒီမှာအိပ်စောင့်နေတာလား။ ”

“ ခင်ဗျား ဗိုက်ဆာနေမှာစိုးလို့။ ”  ကျယ်ယန် မတ်တပ်ရပ်လျက် သူ့လည်ပင်းကို ပွတ်လိုက်မိသည်။  ထိုနောက် စားပွဲရှိရာသို့ ထသွားကာ အပူခံဘူးကို ယူလိုက်၏။ ထို့နောက် ဘူးဖွင့်ကာ မှိုဖြူစွပ်ပြုတ်လောင်းထည့်လျက် ဇွန်းတပ်ကာ ချိုးရှင်းဘက် လှည့်ပေးသည်။   “ လာစားလှည့်လေ။ ကျွန်တော် အိမ်တော်ထိန်းကို ချက်ခိုင်းပြီး ယူလာခိုင်းလိုက်တာ။ ”

ချိုးရှင်းက မလှုက်မယှက်ရှိနေကာ သူ့မျက်နှာမှာလည်း ဘာခံစားချက်မှမရှိပေ။ သူ့မျက်ဝန်းများ ထူးဆန်းနေတာကိုတော့ ကျယ်ယန် တွေ့သွားသည်။ 

ကျယ်ယန် မျက်ခုံးပင့်သွား၏။   “ ရင်ခုန်သွားတာလား။ ”

ချိုးရှင်း အသိပြန်ဝင်လာပြီး သူ့အမူအရာက ချက်ချင်း အေးစက်သွားပြီးနောက် ဆိုလာသည်။  “ စိတ်ကူးယဥ်မနေနဲ့။ ”  သို့တိုင် စားပွဲဆီသို့ သတိအနေအထားဖြင့် လျှောက်ကာ ဝင်ထိုင်လိုက်ပြီး ဇွန်းကောက်ကာ မှိုဖြူစွပ်ပြုတ်ကို မွှေလိုက်သည်။ ထို့နောက် ကျယ်ယန့်ကို လှမ်းကြည့်လာ၏။   “ မင်းလည်း မစားရသေးဘူးမလား။ ”

“ မစားရသေးပါဘူး။ ဒါပေမဲ့ နေ့လည်က စားတာများပြီး ဗိုက်က မဆာသေးဘူး။ ”

ချိုးရှင်းက မှိုဖြူစွပ်ပြုတ်ကို ဖြေးဖြေးချင်း သောက်နေ၏။   “ ဒီတစ်ခါ မင်းကို အပုပ်ချတဲ့လူကို ဖော်ထုတ်ရမယ်။ မင်း စအောင်မြင်လာပါပြီဆိုကတည်းက ကိစ္စတွေ တစ်ခုပြီးတစ်ခု ဖြစ်လာတာ။ နောက်ထပ်တစ်ကြိမ်လောက်များ ထပ်ဖြစ်ကြည့်စမ်း။ မင်းကုမ္ပဏီက ထပ်​ပြီးတာဝန်ယူနိုင်ပါ့မလားတောင် မသိတော့ဘူး။ ပြဿနာတွေကို မင်းဖြေရှင်းတာကလည်း အရမ်းနှေးတယ်။ လျိုရှားက မင်းကို ဘယ်လိုအဖွဲ့မျိုး ဖွဲ့ပေးသွားတာလဲ။ ”

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Where stories live. Discover now