Chapter 67

2.5K 533 8
                                    

Unicode
အခန်း (၆၇)

စင်ပေါ်ကဆင်းလာတော့ ကျီဇယ့်ဟွေ့က ကျယ်ယန့်ကို ပြန်ခွင့်မပြု။ သူက ကျယ်ယန့်ကို ကျန်းမင်နှင့် သူ့မိတ်ဆွေဟောင်းများနှင့်တွေ့ရန် ခေါ်လာသည်။ ကျီဇယ့်ဟွေ့က သူ့ကို အဆက်အသွယ်တွေနဲ့ ချိတ်ဆိတ်ပေးချင်မှန်းသိ၍ ကျီဇယ့်ဟွေ့နှင့် လိုက်ခဲ့၏။ ကျီဇယ့်ဟွေ့က ဦးဆောင်က ကျန်းမင်က ချီးကျူးသည်။ ဟွမ်းမင်ကလည်း ကျယ်ယန့်အသံကို ချီးမွမ်းသည်။ စီနီယာအဆိုတော်တွေက သူတို့စိတ်ထဲ ဘာတွေတွေးနေပါစေ ကိစ္စမရှိ အားလုံးက ကျယ်ယန့်ကိုတော့ ဂရုစိုက်ကြ၏။ ကျယ်ယန်နှင့် စကားပြောလျှင် ကြင်နာ၍စိတ်အားထက်သန်ကြကာ သူ့၏ဖျော်ဖြေမှု​ကောင်းအတွက် ချီးကျူးပေးကြသည်။

လှည့်ပတ်နှုတ်ဆက်ပြီးနောက် ကျယ်ယန် goodbye ဟုဆိုကာ သူတို့တွေ့ဆုံတာ​ကို မနှောင့်ယှက်လိုတော့ကြောင်း ရှင်းပြလိုက်သည်။ သူ ခြေလှမ်းပြင်ရုံရှိသေး ရှန်ယန်က သူ့ကို လှမ်းခေါ်လာ၏။ ကျယ်ယန် သူ့ဆီလျှောက်သွားရင်း မေးလိုက်သည်။     “စီနီယာရှန် လိုအပ်တာရှိလို့လား။”

“ကိုယ် မင်းကို လူနည်းနည်းနဲ့တွေ့ပေးဖို့ ကိုယ်တို့ဝိုင်းကို ခေါ်သွားပေးမယ်။"   ရှန်ယန်က ကျယ်ယန်နှင့်ယှဥ်သွားကာ လမ်းလျှောက်ရင်း တိုးတိုးလေးကပ်ပြောလာ၏။   “ကိုယ် မင်းကို နောက်မှ မက်ဆေ့ပို့လိုက်မယ်။ ကိုယ့်စကားအတိုင်း လိုက်ပြော။ နားလည်မလား။”

ကျယ်ယန် အသိဝင်ကာ ရှန်ယန်က သူ့မကောင်းသတင်းများကို ကူညီဖြေရှင်းပေးမလို့မှန်း နားလည်သွား၏။ သူ အားတက်သရော ပြောလိုက်သည်။   “ကေျးဇူးတင်ပါတယ် စီနီယာရှန်။”

ရှန်ယန်က ခေါင်ခါပြ၏။  “ကိုယ့်ကို စီနီယာလို့ ခေါ်ဖို့မလိုပါဘူး။ ကိုယ့်နာမည်ကိုပဲခေါ်။ မင်းကြောင့်သာမဟုတ်ရင် ကိုယ် ဒုက္ခရောက်တော့မလို့။ ကိုယ်ကသာ မင်းကို ကျေးဇူးတင်သင့်တာ။”

ကျယ်ယန် ချက်ချင်းပဲ အခေါ်အဝေါ် ပြောင်းလိုက်သည်။  “ ကျေးဇူးပါ ရှန်ကော”

ရှန်ယန်က ရယ်မောကာ သူ့နောက်ကျောကို ပုတ်လိုက်သည်။

***

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Where stories live. Discover now