Chapter 56

4.9K 852 17
                                    

Unicode
အခန်း (၅၆)

ကျယ်ယန် ရွယ်ရှန့်ကိုမမြင်မိ၍ မေးကြည့်လိုက်မိသည်။

လောင်ရှို့ယူက တေးသွားတွေပြန်စီရင်း ပြန်ဖြေလာ၏။

“သူ ပြန်သွားပြီ။ သူပေးသွားတဲ့ အကြောင်းပြချက်ကတော့ သူ့အိမ်မှာ ပြဿနာဖြစ်လို့ သူပြန်သွားမှ ရမှာတဲ့။ ဒါပေမဲ့ သူ သီချင်းဖန်တီးတဲ့အဆင့်က ငါတို့နဲ့ တန်းမတူတော့ အဆုံးသတ်ကျရင် မင်းရိုက်ချတာ ခံရမှာစိုးလို့မှန်း လူတကာသိပြီးသားပဲလေ။ ဆက်နေပြီး မင်းဆီမှာ အရှက်ခွဲခံရမယ့်အစား လိမ်လိမ်မာမာနဲ့ နောက်ဆုတ်သွားပြီ။”

လက်တလောအဖြစ်အပျက်များအကြောင်းနှင့် ရွယ်ရှန့် အသိတရားရသွားမည်ဟု ကျယ်ယန် မထင်ထားခဲ့။ ထို့နောက် အရင်ရက်က အခြေအနေများကို မေးမြန်းကြည့်သည်။ အားလုံး အဆင်ပြေကြောင်းသိပြီးနောက် စကားစဖြတ်၍ ရိုက်ကွင်းအလယ်က ရှန်ယန်နှင့် မုကျိုးယိတို့ကိုသာ စောင့်ကြည့်နေလိုက်သည်။

သူတို့က ဂီတရူး ဇာတ်သိမ်းပိုင်း၏ ဇာတ်ရှိန်မြင့်သော အခန်းကို ရိုက်ကူးနေကြ၏။ ရီပင်းက ယွင်ကျား၏ ဖုံးကွယ်ထားသော လျို့ဝှက်ချက်များကို ရှာဖွေတွေ့ရှိခဲ့၏။ သူမက ယွင်ကျားကို မြှားခေါ်ရန် ထိုအချက်များကို အသုံးချကာ သူ့လျို့ဝှက်ချက်များဖြင့် ယွင်ကျားကို အကျပ်ကိုင်သည်။ ထို့နောက် ယွင်ကျားကို အထိန်းအချုပ်လွတ်စေကာ စကားမှားစေ၏။

ထို့သို့မှ ယွင်ကျား၏ လူသတ်မှု သက်သေအထောက်အထားများကို ရရှိမည်ဖြစ်သည်။

သည်ဇာတ်ဝင်ခန်းတွင် ရီပင်းက အခြေအနေတွေကို ကြိုးကိုင်ထိန်းချုပ်ရမည့်သူပင်။ ဆိုလိုတာက ခံစားချက်တွေ ပေါက်ကွဲထွက်ပြီး ရိုက်ကူးရေးဇာတ်ရှိန်ကို ထိန်းချုပ်တာဝန်ယူရန် မုကျိုးယိကို လိုအပ်၏။

မုကျိုးယိက စွမ်းရည်ကဒ်ကို အသုံးပြုနေတာကြောင့်ဖြစ်မည်။ သူမသရုပ်ဆောင်တာ အရမ်းကောင်းနေ၏။ ဇာတ်ရှိန်မြင့်ပြီး ရှည်လျားသော ဇာတ်ဝင်ခန်းအတွက် ရိုက်ကူးရေးနှစ်ခါသာ ရိုက်လိုက်ရသည်။ ရိုက်ကူးရေးပြီးနောက် ရှန်ယန်ဘက်က အရင်စ၍ မုကျိုးယိကို ရေတစ်ဘူး ကမ်းပေး၏။

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Where stories live. Discover now