Chapter 54

4.7K 857 23
                                    

Unicode
အခန်း ( ၅၄ )

ချိုးရှင်း

...ပြီးတော့ မုကျိုးယိ !

မုကျိုးယိကို ချိုးရှင်းနဲ့ တွေ့ခွင့်မပေးနိုင်ဘူး !

ကျယ်ယန် ဆတ်ခနဲ နိုးလာ၏။ သူ ချိုးရှင်းကို ကြိုးစားပြီး ခေါ်ကြည့်ပေမဲ့ သူ့လည်ချောင်းတွေက အရမ်းကိုခြောက်သွေ့လွန်းနေရာ လေသံတွေသာ ထွက်လာ၏။ တံခါးက စကားသံတွေကို ကြားနေရဆဲဖြစ်ကာ မုကျိုးယိကို မောင်းမထုတ်ရသေး။

သူ ကိုယ်ကိုအားပြု၍ ထထိုင်ကာ သူ့လက်ဖမိုးက အပ်ကိုဆွဲဖြုတ်လျက် ခြေဗလာဖြင့် လူနာဆောင်တံခါးသို့ ထွက်လာခဲ့သည်။

မုကျိုးယိ ချိုးရှင်းနဲ့ တွေ့လို့မဖြစ်ဘူး။ မုကျိုးယိနှင့် တိုက်ရိုက်ထိတွေ့မှုက ချိုးရှင်းကို တစ်ခုခုဖြစ်စေမှာ သေချာသည်။ မုကျိုးယိ၏ ရွှေလက်ချောင်းက ထိမိပြီးသွားရင် လူ့ဦးနှောက်ကို တိုက်ရိုက်အကျိုးသက်ရောက်စေနိုင်သည်။ ၎င်းကို စွမ်းအားတစ်ခုအဖြစ် ခွဲခြမ်းစိပ်ဖြာရလျှင် စိတ်ထိန်းချုပ်မှုစွမ်းအားဖြစ်မှာ အတိအကျပင်။

စိတ်ထိန်းချုပ်မှုစွမ်းအားတွေက လူ့ဦးနှောက်ကို အနည်းနှင့်အများဆိုသလို ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေသည်။ ထိုဆိုးကျိုးများက ကျန်းမာ​သောလူများကို မထိခိုက်စေသော်လည်း ချိုးရှင်းမှာ နာတာရှည်ရောဂါရှိသည်။ ထို့အပြင် သူ့နာတာရှည်ရောဂါ၏ မူလဇစ်မြစ်က ဦးနှောက်ထဲမှာလေ။ ဦးနှောက်ထဲမှာ ကင်ဆာအကြိတ်ရှိနေသော လူတစ်ယောက်က စိတ်ထိန်းချုပ်မှု သူ့ဦးနှောက်ကို သက်ရောက်ပြီးသွားလျှင် အခြေအနေပိုဆိုးလာမလားဆိုတာ ကျယ်ယန်မှ မသိတာ။

မူရင်းဝတ္ထုထဲတွင် ဇာတ်လိုက်မနှင့် အကြိမ်ကြိမ်တွေ့ဆုံမိပြီးနောက်မှာ ချိုးရှင်းရောဂါက ပိုမိုဆိုးရွားလာခဲ့သည်။ သူ ချိုးရှင်းကို သည်လို ဖြစ်ခွင့်မပြုနိုင် ...

" တောင်းပန်ပါတယ်ရှင် ဒါရိုက်တာရွှီက ဒီ character biography ကို ကျယ်ယန့်ဆီ ပေးခိုင်းလိုက်လို့ပါ။ မစ္စတာချိုး ကြည့်ကြည့် ..."

" ငါ့ကို ပေး "

သူ့မျက်လုံးတွေထဲမှာ ချိုးရှင်းက မုကျိုးယိဆီ လက်လှမ်းလိုက်ပြီးပြီ။

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Where stories live. Discover now