Chapter 37

4.5K 860 22
                                    

Unicode
အခန်း ( ၃၇ )

ကျယ်ယန် နောက်တစ်နေ့အိပ်ရာနိုးလာတော့ ချိုးရှင်းက မနက်ခင်းအစည်းအဝေးအတွက် အစည်းအဝေးခန်းကို သွားနှင့်ပြီဖြစ်သည်။ စားပွဲပေါ်မှာ မနက်စာနှင့် ဆိုဖာပေါ်တွင် ရိုးရိုးရှင်းရှင်းဖြင့် သပ်ရပ်သော နက်ပြာရောင် ဝတ်စုံတစ်စုံကို တင်ထား၏။

ဝတ်စုံပေါ်တွင် ဖိရေးထားသော စာလုံးဆက်လက်ရေးလှ မှတ်စုတစ်ခုကပ်ထား၏ : ပရိုဂရမ်ရိုက်ကူးရေးအတွက် ဒီဝတ်စုံဝတ်သွား။ သေချာရ်ိုက်ကူးရေးလုပ်ခဲ့။ ဒုံးမဝေးနဲ့။ 

ကျယ်ယန် ပြုံးလျက် မနက်စာစားနေရင်း ချိုးရှင်းအတွက် မှတ်စုပြန်ရေးပေးခဲ့သည်။ ထို့နောက် ဝတ်စုံကိုဝတ်ကာ ယနေ့ရိုက်ကူးရေးအတွက် မိတ်ကပ်ပြင်ဖို့ ထွက်လာခဲ့၏။

မွန်းလွဲ ၁ နာရီ၌.., တေးဂီတဧကရာဇ် ဘယ်သူလဲအပိုင်းသစ်ကို စတင်ရိုက်ကူး၏။

ကျယ်ယန်သည် ဧည့်ခန်းထဲမှာ ထိုင်နေခဲ့သည်။ 

ဧည့်ခန်းထဲတွင် ဖန်သားပြင်ကျယ်ကြီးရှိရာ စတိတ်ပေါ်က ရိုက်ကူးရေးကို ကြည့်ရှုနိုင်သည်။ အစီအစဥ်တင်ဆင်သူက အဖွင့်စကားပြောနေသည်။ အစက ကျယ်ယန်ကို မသိချင်ယောင်ဆောင်နေခဲ့သော အသားလတ်လတ်နှင့် အဆိုတော်တစ်ယောက်က ရုတ်တရက် ကျယ်ယန်ကို စကားစလာ၏။  “ ငါတော့ အရမ်းစိတ်လှုပ်ရှားနေပြီ။ အဆိုတော်တွေအားလုံးထဲမှာ ငါက အငယ်ဆုံးလေ။ ပွဲဦးထွက်တာလည်း မကြာသေးဘူး။ မင်းရော စိတ်လှုပ်ရှားနေတာလား။ မင်းလက်တွေ ချွေးစို့နေတာပဲ။ ”

ကျယ်ယန်သည် မနေ့က သူ့ကို တစ်ချက်လောက်သာငဲ့ကြည့်ခဲ့သည့် ကောင်လေးကို လှည့်ကြည့််ရင်း ဖြေလိုက်သည်။    “ ငါ စိတ်မလှုပ်ရှားဘူး။ ”

အဆိုတော်ကောင်လေး၏ သရုပ်ဆောင်ချက်က ဖျက်ဆိီးခံလိုက်ရသည်။ သူ့ခံစားချက်များကို ထိန်းချုပ်ပြီး သူ့၏ ပြောစရာစကားမဲ့သွားသည့်ပုံကို ကာကွယ်ရန် အသက်ပြင်းပြင်းရှူသွင်းလိုက်ချေ၏။ သူက ပြန်မေးလာသည်။   “ မင်း တကယ်ကြီး စိတ်မလှုပ်ရှားဘူးလား။  ဟိုနားက စီနီယာတွေအများကြီးတောင် စိတ်လှုပ်ရှားနေကြတာ။ ခဏလောက်နေရင် လူအများကြီးကို မဲနှိုက်တော့မှာ။ ငါ အရင်ဆုံးကျမှာ ကြောက်တယ်။ ”

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Where stories live. Discover now