Chapter 26

4.9K 915 50
                                    

Unicode
အခန်း ( ၂၆ )

ထုံကျန်းနှင့် ပရိသတ်များ စကားပြောပြီးတာနှင့် စတိတ်စင်က တစ်ဖန်ပြန်ပြီး အမှောင်ကျသွား၏။

ကျယ်ယန်က အမှောင်ထဲမှာသာ မတ်တပ်ရပ်နေသည်။

နောက်စတိတ်က ထုံကျန်းဖျော်ဖြေရမှာဖြစ်လို့ သူ ခဏမျှ အနားယူနိုင်သည်လေ။

စင်ပေါ်၌ IUD ၏ နာမည်ကြီးသီချင်းများထဲမှ တစ်ပုဒ်ဖြစ်သော Dreaming ပဏာမတီးလုံးသံသာက ထွက်ပေါ်လာသည်။ ကျယ်ယန် စင်အနောက်သို့ လျှောက်လာတာနှင့် ဟူပျောင်းက သူ့ကို တန်းနှုတ်ဆက်လာသည်။ သူ့ဖုန်းကို ကျယ်ယန်လက်ထဲထိုးပေးကာ စိတ်အေးသွားဟန်ဖြင့် ဆိုသည်။     “ ကြည့် ! ကြည့် ! Weibo ပေါ်က marketing အကောင့်တွေအားလုံး တိတ်ကုန်ကြပြီ ! မင်းသီချင်းမထုတ်ပြရသေးတာတောင်မှ မင်းကိုဆဲထားတဲ့ ပို့စ်တွေကို တိတ်တိတ်လေး ပြန်ဖျက်သွားကြပြီ ! ဗက်ဟက်ဟက် ! ငါ အနောက်သွားပြီး သူတို့အကောင့်တွေနဲ့ တစ်ယောက်ချင်းစီ စာရင်းသွားရှင်းလိုက်ဦးမယ် !”

ကျယ်ယန်သည် ဖုန်းမျက်နှာကို ကြည့်ရင်း နာမည်ကြီး ဂီတဝေဖန်ရေးသမားတစ်ယောက်၏  Weibo homepage ကို တွေ့လိုက်ရသည်။ ဂီတဝေဖန်ရေးသမားက အခုလေးတင် ပို့စ်တစ်ခုကို တင်လိုက်တာဖြစ်သည်။

နားပါးတဲ့ အဘိုးကြီး : မကြာခင်က လူထောင်ချီ ဆဲဆိုနေတဲ့ လူငယ်တက်သစ်စလေးတစ်ယောက်ရဲ့ ဖျော်ဖြေမှုကို ငါ ကြည့်ခဲ့ရတယ်။ ငါပြောချင်တာကတော့ ဒီလိုအဆင့်မျိုးကိုတောင် မကောင်းပြောနေကြရင် မင်းတို့တွေက ဘယ်လောက်တောင် လိုချင်နေကြတာတုန်း။ ဒီသီချင်းကို ဘုရားသခင်ရဲ့ တေးသံသာအဖြစ် မှတ်ယူမယ်။  IUD ရဲ့ အမှတ်သ​ေ​င်္ကတအဖြစ် သတ်မှတ်မယ်။ ဆုလာဒ်အနေနဲ့ ထိန်းသိမ်းထားမယ်။ ငါ ကျယ်ယန်ကို ချီးကျူးချင်နေတယ်လို့ ထုတ်မပြောတော့ဘူးနော်။ ဒီကလေးအသံက အရမ်းကောင်းတယ် !

“ တိုက်ရိုက်ထုတ်လွှင့်မှုကလည်း သူ့အသံကြောင့် လုံးဝဥဿုံ ပြောင်းလဲသွားတာ။ အစပိုင်းက တရစပ်တက်နေတဲ့ ဝေဖန်မှုတွေဆိုတာလည်း မမြင်တော့သလောက်ကို ဖြစ်သွားတာကွ !”

ဟူပျောင်းက ဖုန်းကိုထပ်နှိပ်ကာ တိုက်ရိုက်ထုတ်လွှင့်မှုကို ပြောင်းလိုက်သည်။

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Where stories live. Discover now