Chapter 55

4.3K 820 26
                                    

Unicode
အခန်း (၅၅)

ချိုးရှင်း ကျယ်ယန့်၏ အဓိပ္ပါယ်မရှိသော အကြောင်းပြချက်ကြောင့် နှာခေါင်းရှုံ့ကာ လှောင်ရယ်လိုက်သည်။

"မင်း မလွှတ်တော့ဘူးလား။"

ချိုးရှင်း၏ လက်ဖမိုးကို ထိကိုင်ထားသော သူ့လက်အား ကျယ်ယန် ပြန်ရုတ်လိုက်မိ၏။

"အိပ်ရာထဲပြန်သွား လှဲအိပ်ပြီး မျက်လုံးတွေ မှိတ်ထားလိုက် "

ကျယ်ယန် ချိုးချင်းပြောစကားအတိုင်း အိပ်ရာထဲလှဲကာ မျက်လုံးမှိတ်လိုက်သည်။

"စောင်ရော"

ကျယ်ယန် မျက်လုံးပြန်ဖွင့်ကာ စောင်ဆွဲခြုံလျက် မျက်လုံးပြန်မှိတ်သည်။

"လက်တွေ အတွင်းသွင်း"

ကျယ်ယန် သူ့လက်များကို စောင်ထဲထည့်၏။ ၁၀ မိနစ်လောက်ကြာတော့ ကျယ်ယန် မျက်လုံးစမ်းဖွင့်ကြည့်၏။

"ကျယ်ယန် မင်း သေလမ်းရှာနေတာလား။"

"......"

ကျယ်ယန် သူ့စွမ်းအားကို တိတ်တဆိတ်စမ်းသပ်နေတာအား လက်လျှော့လိုက်တော့သည်။မျက်လုံးပြန်မှိတ်ကာ သူ့ဝင်သက်ထွက်ကို ဖြေလျော့ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားခဲ့၏။သူ့စွမ်းအားက နှိုးထကာစဖြစ်၍ အနားယူဖို့လိုတာတော့ အမှန်ပင်။

ကျယ်ယန် တကယ်အိပ်ပျော်သွားမှန်း အတည်ပြုပြီးနောက်ချိုးရှင်း၏ တောင့်တောင့်ကြီးဖြစ်နေသောကိုယ်က ​ဖြည်းဖြည်းချင်း ပြန်ပြေလျော့သွား၏။ ခုနက ကျယ်ယန်ကိုင်သွားသော သူ့လက်ကို မြှောက်ကြည့်ရင်း ထထိုင်မိသည်။ ထို့နောက် နေ့ခင်းပိုင်းက ကျယ်ယန် ဖက်တွယ်ခဲ့သော ပုခုံးကိုလည်း ထိကြည့်မိသည်။

ဒီကောင်လေး အရပ်ရှည်လာသလားလို့။ ဝိတ်လည်း နည်းနည်းကျသွားတယ် ...

[ငါ့လူကိုမထိနဲ့။ထွက်သွား!]

ဘေးက အိပ်ရာပေါ်မှာ အိပ်ပျော်နေသော ကျယ်ယန့်ကိုကြည့်ရင်း ချိုးရှင်း ကျောမတ်သွား၏။ထို့နောက်အိပ်ရာမှထကာ ကျယ့်ယန့်အိပ်ရာဘေးကထိုင်ခုံမှာ ဝင်ထိုင်ရင်း ကျယ်ယန့်ကို စိုက်ကြည့်နေမိသည်။ ဒါ ဘာကိုဆိုလိုတာလဲ။ ဘာလို့ ဒီစကားကို ပြောခဲ့တာလဲ။

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Nơi câu chuyện tồn tại. Hãy khám phá bây giờ