Chapter 57

4.3K 813 20
                                    

Unicode
အခန်း (၅၇)

WeChat မက်ဆေ့က ပင်လယ်ထဲကိုပစ်ချလိုက်သော ကျောက်တုံးလိုပင်။ ကျယ်ယန် ခဏလောက်စောင့်ကြည့်ပေမဲ့လည်း  reply ပြန်မလာပေ။ ကျယ်ယန် ချိုးရှင်းကို စာပို့တာကို လက်လျော့လိုက်၏။ ထိုအစား ကျီဇယ့်ဟွေ့ WeChat ကိုနှိပ်ကာ စာစရိုက်၏။

ကျယ်ယန် : မုကျိုးယိကို ဂီတရူး audition အခွင့်အရေးပေးခဲ့တဲ့ အဆင့်မြင့်စီမံခန့်ခွဲရေးမှူးက ဘယ်သူလဲ။

ကျီဇယ့်ဟွေ့က စက္ကန့်ပိုင်းအတွင်း စာပြန်လာ၏ : ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားဌာနမန်နေဂျာ ဟယ်ယို့မင်လေ။ သူက ဟွမ်ထျန်း ဒုဥက္ကဌ ဒါရိုက်တာ ဟယ်ရွှမ်ရဲ့ သား။

မူရင်းစာအုပ်နှင့် အတူတူပင်။ ယို့မင်နဲ့ ဟယ်ရွှမ်က ဟွမ်ထျန်း၏ ပြောခွင့်မရှိသော စည်းမျဥ်များကို နှစ်သက်သည့် ကြွက်ချေးများဖြစ်ကြ၏။

ကျယ်ယန်: မုကျိုးယိက ဂီတရူးရုပ်ရှင်ရိုက်ကူးရင်း ရှန်ယန်ကို ချဥ်ကပ်ပြီး ဟွမ်ထျန်းကနေ ထွက်ဖို့ကြိုးစားနေတဲ့အကြောင်း သူ့ကိုပြောဖို့ နည်းလမ်းရှာပေးပါ။ ရှန်ယန်ကို အကွက်ရွှေ့နေပြီလို့။

ကျီဇယ့်ဟွေ့: မုကျိုးယိက သင်္ဘောပေါ်က ခုန်ချမလို့လား။ အရင်နှစ်တွေတုန်းကဆို ကုမ္ပဏီက သူ့ကို ထောက်ပံ့ပေးနေခဲ့တာလေ။ ဘာလို့ သင်္ဘောပြောင်းခုန်ချင်တာလဲ။

ကျယ်ယန် : လူတွေနဲ့ဆက်ဆံပြီးရင် သူတို့ကို ရှောင်ချင်လာရော။ 

တကယ်တော့ မုကျိုးယိက သည်တဏှာရူး၏ အကောင်းမြင်စိတ်ကို တိုးပွားလာစေကာ သူပေးသော အရင်းအနှီး အထောက်အပံ့များကို ရယူခဲ့သော်လည်း ဘာမှ ပြန်မပေးဆပ်ချင်ပေ။ ထို့​ကြောင့် သူမ ထွက်ပြေးချင်နေတာပင်။

ကျီဇယ့်ဟွေ့ : ?

ကျယ်ယန် : အခုတော့ ဒါပဲလုပ်ထားပေး။ ခင်ဗျားအတွက်လည်း ကောင်းပါတယ်။

ကျီဇယ့်ဟွေ့က လက်ဆွဲနှုတ်ဆက်သည့်ပုံ ပို့လာ၏။

***

ကျီဇယ့်ဟွေ့၏ လုပ်နိုင်စွမ်းက မထင်ရလောက်အောင်ကို မြင့်မား၏။ သူက တစ်နာရီအတွင်း နောက်ဆက်တွဲ ဖြေရှင်းချက်များကို ပို့ပေးလာသည်။

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Onde as histórias ganham vida. Descobre agora