Chapter 7

6.1K 1K 23
                                    

Unicode
အခန်း ( ၇ )

ထုံကျန်က အံကိုတင်းတင်းကြိတ်ပြီး မော့ပင်းကိုဆွဲထိုးရန် လက်ကိုရွယ်လိုက်၏။

မော့ပင်းက သူကို စိုက်ကြည့်လာသည်။ “ ထုံကျန် ငါ့အသက် ၂၈ နှစ်ရှိပြီ။ ငါ သည်းမခံနိုင်တော့ဘူး။  ”

ထုံကျန်၏လှုပ်ရှားမှုများရပ်တန့်သွားကာ ထိုလူ့ကို မရိုက်ရက်တော့။ အဆုံးမှာတော့ ​မခံချိမခံသာဖြင့်သာ မေးလိုက်တော့သည်။ “ ဒီအ​ကြာင်းကို အကိုဟောင်ထွက်သွားကတည်းက ဘာလို့စောစောမပြောခဲ့တာလဲ။ အဖွဲ့ထဲက တိုက်ရိုက် ထွက်မလား မထွက်ဘူးလားဆိုပြီး အစည်းအဝေးလုပ်ခဲ့တယ်လေ။ မင်း တကယ်ပဲ —”

“ အဲ့ဒီလိုဆိုရင်တောင် ငါဘာလုပ်နိုင်မှာလဲ။ ” မော့ပင်းက သူ့လက်ကိုဖမ်းကာ တွန်းလာလေသည်။  “ မင်းက သီချင်းဆိုချင်တယ်လို့ ပြောခဲ့တယ်လေ။ အားလန်ကလည်း  IUD က သူ့ရဲ့ အသွေးအသက်ပါလို့ ပြောခဲ့တယ်။ ကုမ္ပဏီကလည်း IUD ကို မဆုံးရှုံးချင်ဘူး။ ပြီးတော့ ငါက အဖွဲ့ခေါင်းဆောင် ! IUD ကို ငါဖန်တီးထားတာ ! မင်းက ငါ့ကို ‘ နေကြပါဦ။ လမ်းခွဲကြရအောင်။ ငါတို့ ဆက်မလုပ်နိုင်တော့ဘူး ’လို့ ​ပြောစေချင်တာလား။ ငါ့ကို လူယုတ်မာဖြစ်စေချင်ခဲ့တာလား !”

ထုံကျန်က မော့ပင်းကို အခုမှ ပထမဆုံးတွေ့ဖူးသောလူတစ်ယောက်လို ကြောင်ကြည့်နေမိသည်။ ထို့နောက် ထုံကျန် သူ့လက်ကိုမြှောက်ကာ နှဖူးကိုရိုက်လိုက်ပြီး သူ့ဆံပင်ကိုဆွဲကာ စောင့်ကြောင့်ထိုင်ချလျှက် ငိုကြွေးမိသွားတော့သည်။

စိတ်ထဲရုန်းရင်းဆန်ခတ်ဖြစ်မှုက မော့ပင်းမျက်နှာတွင် ထင်ဟပ်လာပါသော်လည်း ခဏတာသာ။ သူ့ခံစားချက်များကို ကပျာကယာ ထိန်းချုပ်ပြီး ခယ့်လန်နှင့် ဟူပျောင်းကို လှည့်ကြည့်လိုက်၏။ “ အခု ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောပြီးပြီ။ ကျွန်တော်နဲ့ပူးပေါင်းပြီး အဖွဲ့ကွဲတဲ့အတွက် blame ခံရသမျှကို ကျယ်ယန်အပေါ် ပုံချလိုက်ပါ။ ဒါမှမဟုတ်ရင်တော့ အောက်တိုဘာလအထိမ်းအမှတ် ဖျော်ဖြေရေး လေ့ကျင့်ဖို့ကို ကျွန်တော်ငြင်းဆန်ရလိမ့်မယ်။ ကျွန်တော်ရေးထားတဲ့သီချင်းအသစ်ကိုလည်း ထုတ်ခွင့်မပေးတော့ဘူး။ ဒါဆို အစ်ကိုတို့လည်း ဘာမှဖျော်ဖြေလို့ရမှာမဟုတ်ဘူး။ အားလန် မင်းလည်း ၂၇ နှစ်ရှိနေပြီ မငယ်တော့ဘူး​နော်။ ငွေရှာပေးတဲ့ အနုပညာရှင်သုံးယောက်က ပိုအရေးကြီးလား။ ပွဲဦးတောင်မထွက်ရသေးတဲ့ လူသစ်တစ်ယောက်ကပဲ ပိုအရေးကြီးသလားဆိုတာ  ဟူပျောင်း ခင်ဗျားစဥ်းစား​​​ကြည့်ပါ ။  ”

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Where stories live. Discover now