Chapter 34

4.9K 947 32
                                    

Unicode
အခန်း ( ၃၄ )

ဒေါသလှိုင်းများသီချင်းသည် အသံတည်ငြိမ်မှု၊ အသက်ရှူနှုန်းနှင့် သီချင်းဆိုစွမ်းရည်လိုအပ်ချက်များ မြင့်မားလှသည်။ ၎င်းတို့ထဲက တစ်ခုခုသာ အနေအထားလွဲသွားပါက တီးလုံးခံစားချက်များနှင့် မကိုက်ညီနိုင်တော့သလို ပေါ့ပျက်ပျက်ဖြင့် သီချင်းပင် ပျက်စီးသွားနိုင်သည်။

ကျီဇယ့်ဟွေ့မှာ ခပ်ဩဩ ဘယ်သံထူထူရှိသော်လည်း လွန်ခဲ့သည့်နှစ်ရက်က ကျီဇယ့်ဟွေ့၏ တိုက်ရိုက်သီဆိုဖျော်ဖြေမှုကို ကြည့်ပြီးနောက် ကျီဇယ့်ဟွေ့အတွက် ဒေါသလှိုင်းများသီချင်းကို ထိန်းချုပ်ရန် အနည်းငယ်ခက်ခဲမှုရှိနိုင်ကြောင်း ကျယ်ယန် သဘောပေါက်သွားသည်။

ကျီဇယ့်ဟွေ့သည် ထိုသို့သော အဖြေမျိုးကို ကြားရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သူသည် ကျယ်ယန်ကို သင်္ကာမကင်း စိုက်ကြည့်ရင်း သတိအနေအထားဖြစ်သွား၏။ သူ မေးလိုက်မိသည်။ " တကယ်ပဲ အဲ့လိုထင်သလား။ "

ကျယ်ယန် ခေါင်းညိတ်လျက် အကောင်းဘက်ကနေ ဆိုသည်။ " ဆရာကျီ သီချင်းကို ပြောင်းချင်သေးလား။ အညွှန်းရော ရှိလား။ "

" ကိုယ် ဒီရက်ပိုင်း လုပ်စရာမရှိဘူး။ " ကျီဇယ့်ဟွေ့က အကြံပေးလာသည်။ " ဖုန်းပေါ်တက်လာတဲ့ မင်းရဲ့ ဖျော်ဖြေပွဲဗီဒီယိုကို ကိုယ်ကြည့်ဖူးတယ်။ အဲ့ဒီတုန်းက ဗီဒီယိုကို ဖြတ်ထားတော့ မင်းအသံက တစ်ခုခုမူမမှန်သလိုပဲ။ ကိုယ်ကို ဖျော်ဖြေပွဲတုန်းက မင်း IUD သီချင်းဆိုတာကို နားဆင်ခွင့်ရမယ့် ဂုဏ်ယူစရာ အခွင့်အရေးများပေးနိုင်မလား။ "

IUD သီချင်းမှာ ဘယ်သံက အရမ်းနိမ့်ကာ တစ်ချိန်တည်းမှာပဲ အမြင့်သံနှင့် အနိမ့်သံတွေ အများကြီးပါပြန်သည်။ လူတစ်ယောက်တည်းက တစ်ကိုယ်တည်းသီဆိုမည်ဆိုပါက အသံကို ကောင်းကောင်းထိန်းချုပ်နိုင်ရမည်ဖြစ်ကာ မထိန်းနိုင်ပါက လွယ်လွယ်သီချင်းပျက်သွားလိမ့်မည်။ ထို့အပြင် အဖွဲ့လိုက်သီချင်းဆိုတာနှင့် တစ်ကိုယ်တော်သီချင်းဆိုရာမှာ ​ခြားနားချက်အ​ကြီး​ကြီးရှိ​သေး၏။ အဖွဲ့လိုက်ဆိုလျှင် လျှပ်တပြတ် အသံပြောင်းဖို့လွယ်စေကာ အသံလည်းပိုကျယ်သည်။ ထို့အပြင် ကျီဇယ့်ဟွေ့က သူ့ကို acapella သီချင်းဆိုခိုင်းနေ၏။ အဆိုတော်တစ်ယောက်၏ စည်းချက်နှင့် ခံစားချက်မှန်သမျှကို acapella က စမ်းသပ်နိုင်၏။ အကျဥ်းချုပ်ဆိုရသော် ကျီဇယ့်ဟွေ့က ကျယ်ယန်အတွက် ကျင်းတူးပေးလိုက်တာပင်။ ကျယ်ယန်သာ IUD ၏ သီချင်းကို မသီဆိုနိုင်ပါက IUD အတွက် ကြီးစွာသော ထိုးနှက်ချက်တစ်ခု ဖြစ်သွားပေလိမ့်မည်။
[ T/N: acapella - ဂီတအတီးအခတ်ကရိယာ၏ အကူအညီမပါသော သီဆိုမှု။ (ဝါ) MR removed ]

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Where stories live. Discover now