Chapter 39

5.6K 849 68
                                    

Unicode
အခန်း ( ၃၉ )

ကျီဇယ်ဟွေ့သည် ကျယ်ယန်ကို သူတို့နယ်ပယ်က လူတွေဖွင့်သော ကော်ဖီဆိုင်သို့ ခေါ်သွား၏။ ဆိုင်တည်နေရာက လမ်းနှင့် နည်းနည်း အလှမ်းဝေးကာ မျက်နှာစာမှာလည်း ကျဥ်းကျဥ်းလေးပင်။ အပြင်ကကြည့်လျှင် အထင်ကြီးစရာ တစ်ကွက်မှ မရှိသော်ငြားလည်း အထဲဝင်သွားလျှင်တော့ လုံးဝကို ကွဲပြားခြားနားသွားသည်။

ကျီဇယ်ဟွေ့ အထဲဝင်သွားတာနှင့် မနေနိုင် မထိုင်နိုင် ဆိုလာသည်။
“ ငါသာမပါရင် မင်းလိုလူသစ်တစ်ယောက်က ဘယ်တော့မှ ဆိုင်ထဲဝင်နိုင်မှာမဟုတ်ဘူး။ ”

ကျယ်ယန် ပြန်ဖြေသည်။   “ ဆရာကျီ ကျွန်တော့်ကို ဒီလိုမထိမဲ့မြင်ဆက်လုပ်နေမယ်ဆိုရင် မကြာခင် ဒီအသိုင်းအဝိုင်းမှာ ဆရာ့ရဲ့အဆင့်အတန်းဆုံးရှုံးပြီး ဒီနေရာကို ထပ်ဝင်ခွင့်မရတော့ဘူးလို့ ယုံထားလိုက်။ ”

ကျီဇယ့်ဟွေ့ ချောင်းဟန့်ကာ စကားရပ်၏။ ထိုအစား ရှောင်ကျင်းက ကျယ်ယန်ကို ကြိမ်ဖန်တလဲလဲ လှမ်းကြည့်လာသည်။

ကျီဇယ်ဟွေ့သည့် ကျယ်ယန့်ကို သုံးနေကျ အခန်းထဲသို့ ခေါ်လာ၏။ သူက စားပွဲထိုးကို ကော်ဖီနှင့် အချိုပွဲအမြောက်အများကို သာမန်ကာလျှံကာမှာ၍ အဓိကအချက်ကို ဖြတ်​ပြောလိုက်၏။
“ မင်း ဘာလိုချင်တာလဲ။ ”

“ အလျှင်မလိုပါဘူးဗျာ။ လုပ်ငန်းကိစ္စမပြောခင် လက်ရှိအခြေအနေကို ရှင်းကြတာပေါ့။ ”   ကျယ်ယန်သည် မတ်မတ်ထိုင်ကာ စားပွဲခုံကို လက်ညှိုးထိုး၏။    “ စုံတွဲသီချင်းရဲ့ သဲလွန်စတွေအားလုံးကို ခင်ဗျားတို့ မဖျက်နိုင်ဘူး။ " တေးဂီတဧကရာဇ်က ဘယ်သူလဲ " အပိုင်းသစ်အတွက် ထုတ်လုပ်ရေးကိုလည်း စပြီးနေပြီ။   ကျီဇယ့်ဟွေ့အတွက် edit ပေးလို့ရတဲ့အပိုင်းတွေမှာလည်း ရည်ရွယ်ချက်ရှိရှိ တေးသွားကို ပြောင်းပစ််တယ်။ သီချင်းပြောင်းတယ်။ ​ပြောင်းခိုင်းတဲ့ သီချင်းကိုလည်း မသုံးပြန်ဘူး။ သီချင်းဆိုတာလည်း ဆိုးဆိုးရွားရွားနဲ့။ ဧည့်သည်ဒိုင်လူကြီးတွေ ဝေဖန်တာ ခံရ​သေးတယ်။ စင်ပေါ်မှာ မျက်နှာပျက်ရတယ်။ ဒါရိုက်တာကို ရိုက်ကူးရေးဖျက်ဖို့နဲ့ ဖျော်ဖြေရေးကို ပြန်ရိုက်ဖို့ အတင်းအကျပ် ဖိအားပေးပြန်တယ်။ ဒီမကောင်းသတင်းတွေ ထွက်လာတာနဲ့အမျှ ပြိုပျက်သွားသောပိုးအိမ်ရဲ့ ရောင်းအားအတွဲကလည်း ချက်ချင်းရပ်သွားမယ်လို့ ကျွန်တော်အတတ်ပြောရဲတယ်။ စီနီယာကျီလည်း ကျောထောနောက်ခံနည်းနည်းတော့ ဆုံးရှုံးသွားမှာပဲ။ ”

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Where stories live. Discover now