Chapter 33

5K 903 32
                                    

Unicode
အခန်း ( ၃၃ )

ညနေစောင်း မီးမ​ဖြတ်မီ ကျယ်ယန်သည် ယန်ရှင်း၏ တရားဝင်မေးလ်ဘောက်(mailbox) ကို ကွန်ပျူတာ၌ ဖွင့်ကာ ‌လောင်ရှို့ယူထံမှ အီးမေးလ်ကိုနှိပ်၍ စာပြန်ကာ သူ့ WeChat အကောင့်ကို ပို့ပေးလိုက်သည်။

တစ်မိနစ်မပြည့်ခင်တွင် လောင်ရှိုယူ၏ သူငယ်ချင်းဖြစ်ခွင့်တောင်းခံလွှာ ဝင်လာ၏။  ကျယ်ယန် လက်ခံပေးလိုက်သည်။

လောင်ရှို့ယူက စက္ကန့်ပိုင်းပင် မစောင့်ဘဲမေးလာ၏ : မင်း အယ်လ်ဘမ်ထုတ်ချင်လို့လား။

ကျယ်ယန် ပြန်ဖြေလိုက်ရသည် : ခင်ဗျားရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကိုယ်ပိုင် အယ်လ်ဘမ်ကို ကိုယ်တိုင်လုပ်ချင်တုန်းပဲ။

ခဏတာမျှ တိတ်ဆိတ်သွားကြ၏။

လောင်ရှို့ယူ: ကိုယ့်အီးမေးလ်ကို စာပြန်လာတော့ မင်းစိတ်ပြောင်းသွားပြီ ထင်သွားတာ။

ကျယ်ယန် : ကျွန်တော်က တခြားပူးပေါင်းမှုအကြောင်းပြောရအောင် စာပြန်လိုက်တာပါ။

လောင်ရှို့ယူ၏ ပြန်စာက လိုရင်းတိုရှင်းပင် : ဘာလဲ။

ကျယ်ယန် : ခင်ဗျားကို ကျွန်တော့်ရဲ့ အယ်လ်ဘမ်ထုတ်လုပ်ရေးမှာ ပါဝင်ခွင့်ပေးနိုင်တယ်။ အမှန်က ကျွန်တော့်အယ်လ်ဘမ်အတွက် သီချင်းအသစ်တွေကို ပြင်ဆင်ပြီးသား။

လောင်ရှို့ယူက တိုက်ရိုက်ပဲ voice call ခေါ်လာရာ သူနှင့်ချိတ်ဆက်မိသွားပြီး ကျယ်ယန် ဖုန်းကောလ်ကို ဖြေလိုက်၏။

“ ဘယ်လိုပူးပေါင်းချင်တာလဲ။ ”
ကျယ်ယန် ရှင်းပြလိုက်သည်။  “ ‘ တေးသီချင်းဧကရာဇ်က ဘယ်သူလဲ ’ အစီအစဥ်ရဲ့ နောက်ထုတ်လွင့်မယ့် အပိုင်းအတွက် ဧည့်သည်အဆိုတော်အနေနဲ့ ကျွန်တော်ဖိတ်ကြားခံထားရတယ်။ ခင်ဗျားကို နောက်ထုတ်လွှင့်မယ့်အပိုင်းမှာ ပါဝင်ပြီး ဧည့်သည်တွေကို အကဲဖြတ်ပေးစေချင်တယ်။ ”

လောင်ရှို့ယူက ရိုးရိုးရှင်းရှင်းပဲ စာပြန်ပို့လာ၏။
“ ကိစ္စမရှိဘူး။ ”

“ ကျွန်တော်မှာ နောက်ထပ်တောင်းဆိုစရာ ရှိသေးတယ်။ ”‌

“ပြော ”

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Where stories live. Discover now