Chapter 17

5.1K 909 24
                                    

Unicode
အခန်း ( ၁၇ )

မော့ပင်းက လက်သီးကျစ်ကျစ်ဆုပ်လျှက် ဟူပျောင်းနှင့် တခြားလူများ၏ အမူအရာများကို မကြည့်ဘဲ ရှင်းပြသည်။  “ ဟုတ်တယ် ! I ကျွန်တော့်မှာ တခြားအစီအစဥ်တွေ အကြံအစည်တွေရှိတယ်။ ဒါပေမယ့် ဝမ်ယီကြောင့် ဖြစ်လာရတဲ့အခြေအနေတွေ မဟုတ်ဘူးလား။ ဝမ်ယီက တခြားအနုပညာရှင်တွေဆိုရင် စာချုပ်သက်တမ်းမတိုးခင် အနည်းဆုံးသုံးလကြိုတင်အသိပေးတယ်။ IUD တစ်ဖွဲ့တည်းပဲ စာချုပ်သက်တမ်းတိုးဖို့ကို အခုချိန်ထိ ဆက်သွယ်မခံရတာ။ စာချုပ်သက်တမ်းကုန်ဖို့ နှစ်လတောင်မကျန်တော့ဘူး။ အစ်ကိုတို့တွေးထားတွေကို ကျွန်တော်မသိဘူးများ ထင်နေလား။ စာချုပ်အသစ်ထပ်ချုပ်သင့်လား မချုပ်သင့်လားဆိုတာအတွက်  IUD အဖွဲ့သစ်ရဲ့ ငါးနှစ်ပြည့်ဖျော်ဖြေမှုက တုံ့ပြန်မှုကို စောင့်ကြည့်နေတာလေ။ ”

“ သောက်ကောင် !” ဟွမ်မော့က စိတ်မထိန်းနိုင်တော့ဘဲ ကျိန်ဆဲလာ၏။ ထို့နောက် ထုံကျန်းနှင့် ကျန်လူများကို ရှင်းပြသည်။    “ ကုမ္ပဏီဘက်က ဒီလိုအတွေးမျိုးမရှိဘူး။ မဟုတ်ရင် လူသစ်တစ်ယောက်ကို စာချုပ်ချုပ်ခဲ့မှာမဟုတ်ဘူး။ ကုမ္ပဏီက စဥ်းစားချင့်ချိန်နေရုံသက်သက်ပဲ —”

“ စာချုပ်သက်တမ်းတိုးတဲ့အခါ IUD ရဲ့ရေပန်းစားမှုအရ စာချုပ်မှာပါတဲ့ အကျိုးခံစားခွင့်တွေကို လျော့ချဖို့စဥ်းစားနေတာ​လေ။  ” မော့ပင်းက ကြားဖြတ်ပြောလာသည်။ သူက ထုံကျန်းနှင့် ခယ့်လန်တို့ကို လှည့်ကြည့်လာ၏။   

“ ငါ ပြောခဲ့ဖူးပါတယ်။ ငါလုပ်သမျှက မင်းတို့ကောင်းဖို့အတွက်ပဲလို့။ ဝမ်ယီက ငါတို့ကို ဂရုမစိုက်တော့ဘူး။ မဟုတ်ရင် ငါတို့ရတဲ့အထောက်အပံ့တွေက ချန်ဟောင်ထွက်သွားပြီးနောက်ပိုင်း မတန်တဆတွေ ကွဲပြားသွားမှာမဟုတ်ဘူး။  ” သူက ဟွမ်မော့ကို ဖျတ်ခနဲထပ်ကြည့်လာသည်။

“ ကျွန်တော်တို့ကြားမှ ဘာမှပြောစရာမရှိတော့ဘူး။ တခြားတစ်ယောက်ရဲ့ သီချင်းတွေကိုလည်း မဆိုနိုင်ဘူး။ သဘာဝကျကျပဲ လက်တွဲဖြုတ်လိုက်ကြတာပေါ့။  ” ထို့နောက် ပြန်သွားတော့၏။

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Where stories live. Discover now