Chapter 44

4.6K 828 16
                                    

Unicode
အခန်း ( ၄၄ )

ချိုးရှင်းက သူကိုင်ထားသောလက်ကိုကြည့်ရင်း အေးစက်သောမျက်နှာပေးဖြင့် လက်ပြန်ရုတ်လိုက်၏။  “ စကားမလွှဲနဲ့။.”

“ ကျွန်တော် စကားလွှဲတာမဟုတ်ဘူး။ ခင်ဗျားရဲ့ ဒီလိုစိတ်နေစိတ်ထားမျိုးနဲ့ ဧည့်သွားတွေ့ဖို့ မသင့်တော်ဘူးလို့ ခံစားမိရုံပဲ။  ” 

ကျယ်ယန့် လက်ဆန့်ကာ ချိုးရှင်းနောက်ကျောကိုတွန်းလျက် အိမ်ငယ်လေးရှိရာဘက်သို့ လျှောက်သွားစေသည်။ သွားရင်းလည်း သူရှင်းပြလိုက်၏။

“ ကျီဇယ့်ဟွေ့နဲ့ ကျွန်တော် တစ်ယောက်နဲ့တစ်ယောက်တွေ့နေရတာ စိတ်ပင်ပန်းစရာပဲ။ အတူတူတွဲနေတယ်ဆိုတာကလည်း ပရိသတ်တစ်ချို့ရဲ့ စိတ်ကူးယဥ်အတွေးတွေပါ။ ခင်ဗျား ကျွန်တော့်ရဲ့ ကိုယ်ကျင့်တရားကို ယုံကြည်ပေးရမယ်။ ခင်ဗျားနဲ့ လက်ထပ်စာချုပ်ချုပ်ထားသမျှ ကာလပတ်လုံး ခင်ဗျားစိတ်ပျက်စေမယ့် ဘယ်လိုကိစ္စမျိုးကိုမှ ကျွန်တော်လုပ်မှာမဟုတ်ဘူး။ ကျွန်တော်ဆွဲဆောင်ထားတဲ့ ပရိသတ်အမျိုးအစားမှာဆို ယေဘုယျအားဖြင့် အနုပညာရှင်တစ်ယောက်ကို ရူးသွပ်တဲ့ ပရိသတ်တွေရှိတဲ့အထဲမှာမှ ထိန်းထိန်းသိမ်သိမ်းနဲ့ ချစ်စရာလို့ မြင်တဲ့သူ၊ စိတ်လှုပ်ရှားပြီး အသည်းအသန်ဆွဲလမ်းတဲ့သူ၊ ရူးသွပ်ပြီး သံသယလွန်ကဲသူနဲ့ black fan သီးသန့်ဆိုပြီး အကြမ်းဖျင်းခွဲခြားလို့ရတယ်။ အဲ့ဒါတွေကလည်း ကျွန်တော်တစ်ယောက်တည်းမှ ဖြစ်တာမဟုတ်ဘူးနော်။ ”

ချိုးရှင်းမှာ မျက်မှောင်ကြီးပိုလို့တောင် ကြုတ်လာပြီး ကျယ်ယန့်အားဖြင့်တွန်းသည့်အတိုင်း ရှေ့သို့ဆက်လျှောက်လာခဲ့သည်။ သူတို့ အိမ်ငယ်လေးဆီ ရောက်ခါနီးတော့ ချိုးရှင်းက ရုတ်တရက်ရပ်ကာ ကျယ်ယန့်ကို ဘေးတိုက်လှည့်ကြည့်လာ၏။  “ မင်းလက်ကို မဖယ်တော့ဘူးလား။ ”

ကျယ်ယန် ချိုးရှင်းနောက်ကျောကို တွန်းထားသောလက်အား ပြန်ဖြုတ်လိုက်၏။

ချိုးရှင်းက သူ့အဝတ်အစားတွေကို ပြန်ပြင်ရင်း ဆိုသည်။   “ အရူးဖန်တွေနဲ့ နီးနီးကပ်ကပ်ရှိနေမယ့် နေရာတိုင်း ဝူရွှေ့က မင်းနဲ့လိုက်လိမ့်မယ်။ ပြီးတော့ …”

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Where stories live. Discover now