ရှန်ယန်အတွက်  V Group စီစဥ်ပေးထားသောနေရာက အရမ်းကောင်းသည်။ ၎င်းက A ဧရိယာ၏ အကောင်းဆုံးနှင့် အလည်ကျဆုံးနေရာပင်။ ရှန်ယန်စားပွဲကလူများက ဖျော်ဖြေရေးနယ်ပယ်၏ ထိပ်တန်းအကောင်ကြီးကြီးများပင်။

အားလုံးက အတွေ့အကြုံကြီးရင့်နေသော လူများချည်းပင်။ ရှန်ယန်က လူသစ်လေးကို ခေါ်လာတာမြင်တာနှင့် သူ့ထက်ငါဦးအောင် နှုတ်ဆက်ကြ၏။ သူတို့သဘောထားက ဖော်ရွေပြီး ကြင်နာကြပါ၏။

ရှန်ယန်က ပြုံးလျက် ရှင်းပြလာ၏။   “အားလုံးကို မိတ်ဆက်ပေးဖို့ ကလေးတစ်ယောက်ခေါ်လာတယ်။ ဒါက ကျယ်ယန် ဒါရိုက်တာရွှီရဲ့ ရိုက်ကူးရေးအဖွဲ့မှာ တွေ့ခဲ့တဲ့ တက်သစ်စလေးပေါ့။ သူက အရမ်းတော်တာ။ တေးရေးဆရာကောင်းလေးကိုမှ ကုမ္ပဏီတစ်ခုတောင် စတည်ထောင်ထားပြီးပြီ။ ငါ့ဝမ်းကွဲအကိုကလည်း သူ့ကိုထူးချွန်တယ်လို့တွေးပြီး အခွင့်ရှိရင် သူနဲ့လက်တွဲပူးပေါင်းရမယ်ဆိုပြီးတော့တောင် ပြောထားတာလေ။”

သူ့စကားမှာ အချက်အလက်တွေ အများကြီးပါ၏။ ပထမအချက်အနေဖြင့် ရွှီဟုန်က သူ့ရိုက်ကူးရေးအဖွဲ့ကို ဖိတ်ကြားသည်အထိ အရည်အချင်းရှိကြောင်းပြသည်။ ထို့နောက် ကျယ်ယန်က အဆင့်အတန်းရှိကြောင်း မီးမောင်းထိုးပြ၏။ သူ့ကိုယ်ပိုင်ကုမ္ပဏီကို ဖော်ထုတ်ရင်း ဟွမ်ယွီကလည်း နောက်ဆို ကျယ်ယန်နှင့် ပူပေါင်းဖို့ရှိကြောင်း ​ဆိုသည်။ သူက သူများတွေ ဒုက္ခပေးချင်တိုင်း ပေးလို့ရသော လူသစ်လေးမဟုတ်ကြောင်း သွယ်ဝိုက်ပြောလိုက်တာပင်။

ကျယ်ယန်အပေါ် လူတိုင်း၏သဘောထားက ပိုမိုကောင်းမွန်လာ၏။ သူတို့က ကျယ်ယန့်ကို ထိုင်ရန်ပြောသည်။

ကျယ်ယန်လည်း စီနီယာအားလုံးကို တလေးတစားဖြင့် ကျေးဇူးတင်စကားဆိုကာ ရှန်ယန်ဘေးမှာ ဝင်ထိုင်၏။

ရှန်ယန်က ကျယ်ယန်ကို လွန်လွန်ကဲကဲအိုဗာဖြစ်အောင် မိတ်မဆက်ပေးခဲ့ပေ။ နေရာမှာထိုင်အပြီးတွင် သူနှင့် ကျယ်ယန် ဘယ်လောက်ဆက်ဆံရေးကောင်းကြောင်းကို တစ်စွန်းတစ်စ ဖော်ပြခဲ့၏။ ထို့နောက် အားလုံးနှင့် တခြားအကြောင်းအရာများကို ဆွေးနွေးပြောဆိုရင်း ကျယ်ယန့်ကိုလည်း အခါအားလျော်စွာ စကားဝိုင်းအတွင်းသို့ ဆွဲခေါ်သည်။ ကျယ်ယန် ဗဟုသုတကြွယ်ဝကာ သူ့စိတ်ကလည်း အတင်းကရော လုပ်ကြံပြီး ကြိုးစားမနေပါ။ သူက ဖြေကြားသင့်တာကိုသာ လက်ခံဖြေဆိုပြီး ထင်ပေါ်အောင်မနေပေ။ သို့သော် သူ့ခေါင်းထဲမှာ ခေါင်းစဥ်တစ်ခုပေါ်လာလျှင်တော့ မသုံးဝင်မည့် အကြောင်းအရာကို သေချာပြောပြပေမည်။

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Waar verhalen tot leven komen. Ontdek het nu