ဝမ်ချောင် သူ့အမေနာမည်ကို ထုတ်ပြောလိုက်သည်။ "ယင်းကျစ်၊ မင်း 'အားယိ ယင်းကျစ်' လို့ပဲ ရေးပေးလိုက်။"

ရှဲ့ကျူရှင်း ရယ်သွားသည်။ "မင်းရဲ့အစ်မကို ငါက အားယိလို့ခေါ်ရမယ်? ငါ့ကို အခွင့်အရေးမယူစမ်းနဲ့။"

ဝမ်ချောင် ပြန်ပြောလိုက်သည်။ "ပြောတဲ့အတိုင်းရေးလိုက်ရင် ပြီးနေပြီမလား။ မင်းကသာ ငါ့အပေါ် အခွင့်အရေးယူတာ လျှော့စမ်းပါ။ သွားတာဖြင့် လေးငါးရက်ရှိနေပြီ၊ ငါ့တင်ပါး အခုထိနာနေတုန်း။"

ရှဲ့ကျူရှင်း ပြန်မဖြေဘဲ ရယ်ရုံမျှသာရယ်သွားတော့သည်။

ဝမ်ချောင်လည်း တစ်ယောက်ယောက် စကားပြောနေသံကိုကြားလိုက်ရတာမို့ မေးလိုက်သည်။ "ဘေးမှာလူရှိနေတာလား။"

ရှဲ့ကျူရှင်းလည်း သူ အခု ဘယ်သူ၊ ဘယ်သူတို့နှင့် ညစာစားနေကြောင်းပြောပြလာသည်။ ထိုနှစ်ယောက်က ရိုက်ကူးအတွင်းရှိ အခြားအမျိုးသားသရုပ်ဆောင်နှစ်ယောက်ဖြစ်ပြီး တစ်ခဏနေလျှင် နောက်ထပ်ရိုက်ကွက်တစ်ခု ရိုက်ဖို့ရှိနေလေသည်။

ဝမ်ချောင်လည်း ထိုသို့သာပြန်ပြောနိုင်တော့သည်။ "ဒါဆိုလည်း မင်း အရင်စားလိုက်ဦး။"

ဖုန်းချပြီးသည်နှင့် သူ ဖုန်းကို တစ်ဖက်ပစ်ချ၍ စားပွဲအရှေ့ထိုင်လျက် ခေါင်းတကုတ်ကုတ်နှင့် သူ့အတွေးများ ပျံ့လွင့်သွားခဲ့သည်။ ရှောင်ရှဲ့အကြောင်း၊ သူ့တင်ပါး နာနေသေးသည့်အကြောင်း .. တင်ပါးနာနေတာက ကောင်းလှသည်၊ သူ ခပ်မြန်မြန်လေး ထပ်နာနေချင်လှပြီ။

တစ်ရက်အကြာတွင် သာ့လီဘက်မှ ပို့ပေးလာသည့် over-size ပါဆယ်ထုတ်ကြီး သူ လက်ခံရရှိလေသည်။ ထိုပါဆယ်ထုတ်ထဲတွင် "အားယိ ယင်းကျစ်" ဆိုသည့်လက်မှတ်တစ်ခုတည်းသာမက လတ်လတ်ဆတ်ဆတ် flower cake များ၊ နော့ဒန့်ဝက်ပေါင်ခြောက်၊ ပုအာ့လက်ဖက်ခြောက်တို့ပါ ပါဝင်ပြီး အကုန်လုံးက သာ့လိမြို့ရှိ နာမည်ကြီးဒေသထွက်ကုန်များဖြစ်၏။

တစ်ရက်အကြာတွင် သာ့လီဘက်မှ ပို့ပေးလာသည့် over-size ပါဆယ်ထုတ်ကြီး သူ လက်ခံရရှိလေသည်။ ထိုပါဆယ်ထုတ်ထဲတွင် "အားယိ ယင်းကျစ်" ဆိုသည့်လက်မှတ်တစ်ခုတည်းသာမက လတ်လတ်ဆတ်ဆတ် flower cake များ၊ နော့ဒန့်ဝက်ပေါင်ခြောက်၊ ပုအာ့လက်ဖက်ခြောက်တို့ပါ ပါဝင်ပြီး အကုန်လုံးက ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now