၆၄

66 6 0
                                    

အခန်း ( ၆၄ )

ဆေးရည်

သေဆုံးသွားသော ဓားသမား၏ အလောင်းများသည် နှစ်ပိုင်းဖြစ်သွားကာ သွေးပူများသည်လည်း လူတစ်ဦး၏ အရပ်အမောင်းခန့် လေထဲသို့ ပန်းထွက်လာကြသည်။ ချင်ကျင်းသည် သူ၏ဓားဖြင့် ခုတ်ထစ်ရန် တွန့်ဆုတ်မနေဘဲ အောက်သို့ချိန်ထားသောဓားကို ရေပြင်ညီ ကိုင်ထား၍ သူ့ခါးကို လှည့်လိုက်ကာ အခြေခံ စစ်သည်တော် နည်းပညာဖြစ်သော [ရေပြင်ညီခုတ်ချက်] ကို အသုံးချလိုက်သည်။

ခြေထောက်၊ ခါး၊ နောက်ကျောနှင့် လက်များ....။ အဆိုပါ အစိတ်အပိုင်းလေးခုမှ အင်အားများသည် ပေါက်ထွက်နေသော စစ်သည်တော်အတွင်းအားနှင့် ပေါင်းစပ်ကာ ကြိုးမျှင်များစုပေါင်း၍ ကြိုးတစ်ချောင်းဖြစ်လာသကဲ့သို့ အားကောင်းသွားလေသည်။ အထွတ်အထိပ်အဆင့်အထိ အသုံးချနိုင်ပါက ဤရေပြင်ညီခုတ်ထစ်ခြင်းသည် ရေတံခွန်၏ ရေးစီးမှုကိုပင် ခဏတာ ဖြတ်တောက်ပစ်နိုင်သည်။

ချင်ကျင်း၏ [ရေပြင်ညီခုတ်ချက်] သည် ရေတံခွန်ကို မခုတ်ဖြတ်နိုင်သေးသော်လည်း ရန်သူများ၏ အရိုးများကို ဖြတ်တောက်ရန်အတွက်တော့ လုံလောက်ပါသည်။

ဇွပ်၊ ဇွပ်၊ ဇွပ်...

ကျန်းမားတာအိုဓားသည် လေထဲတွင် တောက်ပသော ရေပြင်ညီမျဉ်းကွေးတစ်ခုကို ဆွဲယူလိုက်ပြီး ဓားသမားခြောက်ယောက်၏ ခါးများကို နှစ်ပိုင်းဖြတ်တောက်လိုက်သည်။ ခန္ဓာကိုယ် အပေါ်ပိုင်းများသည် လေထဲသို့လွှင့်ထွက်သွားကြပြီး အကြိမ်များစွာလှမ်းလျှောက်နေခဲ့သော ၎င်းတို့၏ ခြေလှမ်းများသည် လှုပ်ရှားမှုများ ရပ်တန့်သွားတော့သည်။ ကြက်သွေးရောင်သန်းနေသော သွေးတန်းများသည် လေထဲသို့ ရေစီးခြောက်သွယ်ရေးပန်း ကဲ့သို့ ပန်းထွက်သွားကြလေသည်။

ချင်ကျင်းက နောက်ထပ်ခုတ်ချက်ကိုလုပ်ဆောင်ရန် ပြင်လိုက်သည်။ ချင်ကျင်းသည် ကျန်းမားတာအိုဓားနှင့်အတူ မြေပြင်ပေါ်သို့ အားအင်အပြည့်နှင့် နင်းချလိုက်ကာ မြန်ဆန်သောသော တွန်းအားဖြင့် ဓားသမားများထံသို့ ပြေးသွားလေသည်။ သူ၏ ညာဘက်တံတောင်ဆစ်သည် သေနတ်တစ်လက်ကဲ့သို့ လျင်မြန်စွာ ကြွတက်လာပြီး ကျန်းမာတာအိုဓားကို လွှဲလိုက်ကာ ရန်သူ၏ အောက်မေးရိုးကို တိုက်ရိုက်ချိန်ရိုက်သောအခါ ထိုသူသည် လေထဲသို့ မြောက်တက်သွားတော့သည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Tahanan ng mga kuwento. Tumuklas ngayon