အခန်း ( ၃၀ ) နံနက်ပိုင်းလေ့ကျင့်မှုအတွင်း ပဋိပက္ခ

86 10 0
                                    


“ကျောင်းကိုတည်ထောင်ပြီးကတည်းက အိမ်ပြန်ပို့တာ ဒါမှမဟုတ် နှင်ထုတ်တာမျိုး မရှိပေမယ့် အဲ့ဒီမိန်းကလေးက အထုတ်ခံရဖို့ ပထမဆုံးလူ ဖြစ်လာလိမ့်မယ်လို့ လူတိုင်းနီးပါး ယုံကြည်နေကြတယ်။ နောက်ဆုံးစာမေးပွဲကို ပြီးဆုံးအောင် အတူတွဲဖြေမဲ့လူကို သူမ မရှာနိုင်သေးရင်တော့ သေချာတယ်ကျမှာပဲ။ စာမေးပွဲမအောင်တဲ့သူကို သင်တန်းကျောင်းကနေ နှုတ်ထွက်ခိုင်းလိမ့်မယ်။”

"ဘယ်သူမှ သူမနဲ့ လက်တွဲဖို့ ဆန္ဒမရှိဘူးလား...။"

ချင်ကျင်း သည် လို့ မေးကာ စင်ပေါ်မှ မဝံ့မရဲ နောက်ဆုတ်နေသော ဂဘရီရယ်လာအား ကြည့်လိုက်သည်။

“ပညာသင်ဆုကြောင့်လား”

"ဒါက တခြားဟာတွေကြောင့် ဖြစ်နိုင်တယ်လို့ မင်းထင်လား"

ရိုလင်သည် ပခုံးတွန့်လိုက်သည်။

“မှော်ကျောင်းသားတွေက ငါတို့စစ်သည်တွေထက် မာနပိုကြီးပြီး တစ်ကိုယ်ကောင်းပိုဆန် တယ်။ ဘာကြောင့် သူတို့နဲ့ တွဲတဲ့သူတွေကို မကောင်းမှန်းသိရဲ့သားနဲ့ အဲ့လူတွေနားပဲ ဆက်နေချင်ကြတာလဲ။”

ချင်ကျင်းသည် ရှင်းလင်းနေသော ကွင်းထဲတွင် ပြေးလွှားနေရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ဂဘရီရယ်လာအားဆီမှ မျက်လုံးမခွာတော့ပေ။ မှော်ဆရာများသည် စစ်သည်တော်တို့နှင့် နှိုင်းယှဉ်လျှင် အလွန်ခြားနားကြသည်။

မှော်သင်တန်းသားများသည် မှော်အတတ်များကို ကိုယ်တိုင် မပြုနိုင်ကြပေ။ သူတို့သည် လူတစ်ဒါစဉ်ခန့် အုပ်စုဖွဲ့ပြီး ပူးပေါင်းလုပ်ဆောင်ရန်လိုအပ်ကြသည်။ မြေပြင်ပေါ်၌ မှော်အခင်းကျင်းတစ်ခုရေးဆွဲ၍ ထိုထဲ၌ အဖွဲ့တစ်ဖွဲ့အဖြစ် ရပ်တည်ပြီးမှသာ ၎င်းတို့၏ ဝိညာဉ်စွမ်းအားနှင့် မှော်စွမ်းအားများကို ပေါင်းစပ်ပြီး မှော်ပညာကို အသုံးချနိုင်မည်ဖြစ်သည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now