အခန်း ( ၃၁ ) တောအုပ်ငယ်အတွင်းမှ အပေးအယူ

81 8 0
                                    



"စီးချင်းထိုးမယ်?"

ချင်ကျင်း မျက်ခုံများပင့်သွားသည်။ သူ့အား နေရာပေါင်းစုံမှ စောင့်ကြည့်နေကြသည်ကို သူခံစားလိုက်ရသည်။ သူသည် လက်သီးများကို ဆုပ်ကိုင်ကာ နေရာမှ မထွက်ခွာသေးသော ‌ကျောင်းအုပ်ဖစ်ခ်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူတွေးနေမိသည်။

"ငါ သဲလွန်စ တစ်ခုခု ချန်ထားခဲ့မိလား။ ကျောင်းအုပ်ကြီးကရော တစ်ခုခုကို တွေ့သွားတာလား။”

ချင်ကျင်း သည် မည်သည့်အကြောင်းရာတို့ ဖြစ်ပျက်နေမှန်းမသိတော့ချေ။ သူသည် ကျောင်းအုပ် ဖလစ်ခ် ကိုကြည့်နေကာ အတွေးများစွာဖြစ်ပေါ်နေခဲ့သည်။  ဖစ်ခ်သည် လူသစ်များတက်သော သင်တန်းကျောင်း၏ ကျောင်းအုပ်တစ်ဦးသာဖြစ်နေသော်လည်း ကျောင်းအုပ်များထဲမှ တစ်ဦးပင်ဖြစ်သည်။ ချင်ကျင်း၏ မိသားစု အသုံးပြုသည့် “ခွန်” တိုက်ခိုက်နည်းစနစ် သည် အလွန်ကျော်ကြားပြီး နတ်ဆိုးများပင် ၎င်းနည်းစနစ်ကို မှတ်မိနေကြသည်။ ချင်ကျင်းသည်သူ အသုံးပြုနေကျဖြစ်သော ခွန် တိုက်ခိုက်နည်းစနစ်ကို သူပင်မသိလိုက်သည့် အချိန်တွင် မတော်တဆ အသုံးပြုမိနိုင်ပေသည်။ ထိုသို့ သုံးမိသွားလျှင် သူသည် ချင်မျိုးရိုးဖြစ်ကြောင်းကို လူတိုင်းအား ဖော်ပြလိုက်သကဲ့သို့ ဖြစ်သွားပေမည်။

"လုံခြုံရေးကသာ အဓိကပဲ!"

ချင်ကျင်း အမြန်ဆုံးဖြတ်လိုက်သည်။ ချင်ကျင်းသည် ပခုံးနှင့် လက်များကို ဆန့်လိုက်ကာ စိန်ခေါ်သူ နှစ်ယောက်ကို မျက်လုံးချင်းဆုံ ကြည့်လိုက်သည်။ စိန်ခေါ်သူနှစ်ဦးသည် ချက်ခြင်းသတိကပ်လိုက်ကာ ခံစစ်အနေအထားပြင်လိုက်သည်။

ချင်ကျင်းသည် ခေါင်းခါယမ်းပြီး ပြုံးလိုက်လေသည်။

"သူတို့ ဘာကြောင့် အဲ့လောက်တောင် သတိထားနေကြတာလဲ"

သူတွေးလိုက်သည်။ လူအုပ်ကြီး၏ ရှုပ်ယှက်ခတ်နေသော အကြည့်များအောက်တွင် သူသည် စိန်ခေါ်သူနှစ်ဦးဆီသို့ လျှောက်သွားပြီး တီးတိုးပြောလိုက်သည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now