အခန်း( ၁၃ ) : သွေးဆက်များအား စိန်ခေါ်ခြင်း

98 11 0
                                    


            ချင်ကျင်းသည် ဆီဇာ ကိုထိုးရဲသည်မှာ ခေလာအတွက် ဒေါသထွက်ရုံမှလွဲ၍ သူ့အား ဘာမျှလုပ်ပိုင်ခွင့် မရှိသည်ကို သိနေသောကြောင့်ဆိုသည်မှာ သေချာသည်။ သို့သော်လည်း စီမံခန့်ခွဲမှု မန်နေဂျာမှ သူ၏ကံကြမ္မာကို တစ်နေ့ ဆုံးဖြတ်လာလိမ့်ဟု ချင်ကျင်းမထင်မှတ်ထားခဲ့ပေ။

            “နည်းပြခင်ဗျ.... အဲ့ဒါဆို ကျွန်တော် ပြန်လည်စမ်းသပ်ပွဲမှာပါလို့ရတယ်ပေါ့...” ချင်ကျင်းသည် မပါဝင်ရလည်း အဆင်ပြေသည်ဟု ပုခုံးတွန့်ကာပြလိုက်သည်။ “ဒီ စမ်းသပ်ပွဲက ကျွန်တော်နောင်တစ်ချိန်မှာ ရလာမယ့် စစ်သည်တော်၏ အတွင်းအားစူးစိုက် စီစစ်မှု အရည်သွေး ကို သက်ရောက်မှု မရှိလောက်ပါဘူး။ ကျွန်တော် ဒီထက်ကောင်းတဲ့ ပရီမီယံပွဲတစ်ခုလောက်တော့ ရနိုင်ခြေရှိပါသေးတယ်......။”

            “သောက်ချီး....!” Rodriguez သည် သူ၏ သာမန်အရွယ်လက်ကလေးဖြင့် ရိုက်ချလိုက်သည်။ ထို့ကြောင့် စားပွဲပေါ်တွင်ရှိနေသော လက်ဖက်ရည်ခွက်များနှင့် စာအုပ်များသည် အနည်းငယ်ခုန်တက်သွားသည်။

“ဒီဟာက မင်းအသုံးပြုမယ့် စစ်သည်တော်၏ အတွင်းအားစူးစိုက် စီစစ်မှု အရည်သွေး နဲ့ဆက်စပ်မှုမရှိပေမဲ့ ဒါကမင်း သွားချင်တဲ့ ကမ္ဘာလုံးဆိုင်ရာ သူရဲကောင်းပွဲနဲ့ တိုက်ရိုက် ဆက်စပ်နေတယ်ကွ! မင်းအဲ့ပွဲကို မသွားဘူးဆိုရင် စစ်မှန်တဲ့ စစ်သည်တော်တို့ရဲ့ ခွန်အားနှင့် သူတို့ရဲ့ စွမ်းအား အတိုင်းတာက ဘယ်လောက်ဆိုတာ မင်းသိနိုင်တော့ မှာမဟုတ်ဘူး! မင်းတကယ်လို့ အဲ့ပွဲကို မသွားဘူးဆိုရင် မင်းကို နောက်နှစ် တရားဝင် ယှဉ်ပြိုင်ရတဲ့ နေရာကို ရောက်ဖို့ ဘယ်အရာက ကြိုးစားစေမှာလဲ...။”

            ချင်ကျင်းသည် နည်းပြ Rodriguez ၏ စိတ်လှုပ်ရှားနေသည့်ပုံ ကိုမြင်ကာ ရယ်ချင်နေခဲ့သည်။ Oakland မှော်နှင့် စစ်သည်ပညာ သင်တန်းကျောင်း စတင်တည်ထောင်သည့် အချိန်မှစ၍ ကျောင်းသားများအားလုံးသည် အရည်ချင်းစစ်ပွဲ တွင်ထုတ်ပယ်ခြင်းခံကြရသည်က များသည်။ သူတို့ အားလုံးသည် ဤနေရာတွင် ရှိနေကြသည်မှာ အခြားသော သင်တန်းကျောင်းများသို့  ပြောင်းရွှေ့ ရန်အတွက်သာ ရှိနေသကဲ့သို့ ဖြစ်သည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Où les histoires vivent. Découvrez maintenant