စာစဥ် ( ၁ ) အခန်း( ၁၅ ) မည်သူမျှမရနိုင်သော အလုပ်

91 6 0
                                    

Oakland သည် သေးငယ်သော နယ်စပ်မြို့လေးဖြစ်သည်။ ထိုမြို့လေးသည် မြောက်ပိုင်း လူရိုင်းများ၊ ဘီလူးများနှင့် နီးသော်လည်း စစ်ရေးအရ အလွန်ပင် စနစ်ကျလှသောနေရာဖြစ်သည်။ ငြိမ်းချမ်းရေးကာလ ကြာမြင့်နေခဲ့ ခြင်းကြောင့် စီးပွားရေးမြို့တော် အဖြစ် တဖြည်းဖြည်းပြောင်းလဲ လာခဲ့ခြင်းဖြစ်သည်။ ထိုမြို့လေးသည် နေဝင်တောင်များနှင့်နီးပြီး ကြေးစားစစ်သည်များ၊ စွန့်စားသူများ နှင့် လောဘကြီးလှသော ကုန်သည်များလာရောက် လေ့ရှိကြသည်။

            တည်းခိုခန်းများ၊ ပန်းပဲဆိုင်များ၊ နှင့် အခြားသော လက်နက်ရောင်းဝယ်ရေး လုပ်ငန်းများသည် ထိုမြို့လေး၏ အဓိကဝင်ငွေရရှိနေစေသော လုပ်ငန်းများ အဖြစ် တဖြည်းဖြည်းဖြစ်လာခဲ့သည်။ အင်ပါယာတပ်တော်မှပင် အချို့သော စစ်လက်နက်များနှင့် ချပ်ဝတ်တန်ဆာတို့ကို Oakland မှမှာယူကြရသည်။

            ချင်ကျင်းသည် နည်းပြ Rodriguez အခန်းမှ ထွက်လာခဲ့သည်နှင့် သူ့အိပ်ဆောင်သို့ တန်းမသွားခဲ့ပေ။ ချင်ကျင်းသည် အိပ်ယာခင်းအသစ်များကို မဝယ်ပါက ထိုနေ့တွင် ဖျာထက်တွင်သာ အိပ်စက်ရပေတော့မည်။ ထို့ကြောင့် သူသည် အလုပ်ရှာရပေအုံးမည်။

               ထူးဆန်းသော ဦးထုပ်ကြောင့် ပွဲမှထုတ်ခံလိုက်ရသည့် အချိန်မှစ၍ ချင်ကျင်းသည် သူ၏အခန်းထဲတွင် သုံးရက်ခန့် ပိတ်နေခဲ့ပြီး သူအလုပ်လုပ်နေသည့် အဖိုးဖို့ဒ် ယမကာနှင့် ဘားဆိုင်သို့ပင် မသွားဖြစ်ခဲ့ပေ။ သူသည် အလုပ် စာချုပ်အရ ထုတ်ခံလိုက်ရပြီဖြစ်သည်။ ထို့ကြောင့် သူသည် အချိန်ပိုင်းအလုပ်သစ် တစ်ခု ရှာရတော့မည်ဖြစ်သည်။ ချင်ကျင်း၏ မိသားစုမှ ထောက်ပံ့စရိတ်သည် အာဟာရရှိသည်တို့ကို ဝယ်စားနိုင်ရန် မ‌လောက်ငှပါ။

            ချင်ကျင်းသည် အိပ်ယာခင်းများကို စျေးပေါပေါဖြင့် ဝယ်နိုင်မည့် ဆိုင်တစ်ဆိုင်ကို ရှုပ်ထွေးနေသော လမ်းတစ်နေရာတွင်တွေ့လိုက်ရသည်။ ထိုအိပ်ယာခင်းကို ဝယ်ယူလိုက်ပြီးနောက်တွင် သူသည် အလုပ်ရှာရန်ပြင်လိုက်သည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now