၅၀

70 9 0
                                    

အခန်း ( ၅၀ )

ချင်ကျင်း၏လက်နက်

"သီအိုရီအရ၊ အဖိုးတန်သတ္တုမျိုးစုံပါ၀င်တဲ့ [ဖန်တီးသန့်စင်သောသံ] ကပိုကောင်းပေမယ့်လည်း ... "

ဘလိတ်က သူ့ပုခုံးကို တွန့်ပြရင်း ပြုံးလိုက်သည်။

“အဲဒါက အခြေအနေတစ်ခုတည်းနဲ့သာ သက်ဆိုင်တယ်...။ တီထွင်တဲ့သူက [စစ်မှန်သည့် သန့်စင်သောသံ] ကို သွန်းလုပ်လုပ်ရင် သတ္တုရောစပ်တဲ့အနုပညာကို အတော်နားလည်ထားမှ ရမယ်။ မဟုတ်လို့ကတော့၊ [ဖန်တီးသန့်စင်သောသံ] က [စစ်မှန်သည့် သန့်စင်သောသံ] လောက် ထိရောက်မှာ မဟုတ်ဘူး။"

ချင်ကျင်းသည် အခြေခံသဘောတရားများအား နားလည်သွားသကဲ့သို့ ခံစားလိုက်ရသည်။ [စစ်မှန်သည့် သန့်စင်သောသံ] သည် အခြေခံအုတ်မြစ်နှင့်တူသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် အခြေခံအုတ်မြစ်ကောင်းမရှိဘဲနှင့် ပိုမိုရှုပ်ထွေးသော အရာတစ်ခုအား ဖန်တီးရန် ကြိုးစားပါက၊ အုတ်မြစ်ကောင်းမရှိဘဲ မြင့်မားသော အဆောက်အအုံတစ်ခုအား တည်ဆောက်နေခြင်းနှင့် တူနေမည်။ တစ်နည်းအားဖြင့် ထိုအဆောက်အအုံသည် တစ်ချိန်ချိန်၌ ပြိုကျလာလိမ့်မည်။

"ကောင်းပြီ၊ အချိန်ရှိသေးတယ်ဆိုတော့..."

ဘလိတ်သည် သူ့လက်အား ဝှေ့ယမ်းရင်း ရွာတံခါးဆီသို့ လှမ်းကြည့်လိုက်သည်။

“မိုင်းတွင်းကိုသွားပြီး သတ္တုရိုင်းတချို့ တူးပြီး ပြန်သယ်လာခဲ့။”

"ထပ်ပြီးတော့လား? ခင်ဗျား ကျွန်တော့်ကို ထပ်ပြီး လိမ်ချင်နေတာမလား။"

ချင်ကျင်း တွေးနေမိသည်။ ထို့နောက် မတ်တပ်ထရပ်ပြီး သူ့တင်ပါးထဲမှ ဖုန်များအား ခါထုတ်လိုက်ပြီး

“ကိစ္စမရှိပါဘူး ဘလိတ်၊ ကျွန်တော် လက်နက်တစ်ခုတော့ ကိုင်လို့ရမလား"

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now