၅၂

66 6 0
                                    

အခန်း ( ၅၂ )

ပြိုင်ဘက်ကင်းသူ

ဤကဲ့သို့ ခွန်အားနှင့် စစ်သည်အတွင်းအားတို့ကို၊ တတိယတန်းရှိ ထိပ်တန်းဆယ်ယောက်မှ လူအချို့ပင် ချင်ကျင်းအားယှဉ်နိုင်ရန် မဖြစ်နိုင်ပါ။ တတိယတန်းကျောင်းသားများနှင့် ယှဉ်နိုင်သော စစ်သည်အတွင်းအားရှိသည့် ပထမတန်းကျောင်းသား။ ကြည့်ရှုနေကြသော တတိယတန်းကျောင်းသား အများအပြားမှာ အနည်းငယ် ညံ့ဖျင်းသွားသလိုခံစားလိုက်ရကြသည်။

စက်ဝိုင်းအလယ်ရှိ စိန်ခေါ်သူလေးဦးသည် ပို၍ပင် အရှက်ခွဲခံရသည်ဟု ခံစားနေကြရသည်။ သူတို့၏အတန်းဖော်တစ်ဦးဆိုသည်ထက် နည်းပြဆရာနဲ့ ရင်ဆိုင်နေသည်နှင့်ပို၍တူနေသည်။ ချင်ကျင်းသည် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေသော်လည်း သူတို့သည် မည်သို့ စတင်တိုက်ခိုက်ရမည်ကို မသိခဲ့ကြပေ။

မည်သူမျှ မလှုပ်မရှားဘဲ ဖြစ်နေသည်ကို တွေ့ပြီးနောက်၊ ဖစ်ခ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ

"သွား!"

သူ့စကားများသည် လေထဲတွင် ပဲ့တင်ထပ်နေသဖြင့် ချင်ကျင်းဘက်မှ စတင် လှုပ်ရှားလိုက်သည်။

ချင်ကျင်းရဲ့ ရှေ့ခြေထောက်က မြေပြင်ကို နင်းပြီး သူ့ခန္ဓာကိုယ်အား အခြားခြေထောက်တစ်ဖက်ဖြင့် တွန်းထုတ်လိုက်ပါသည်။ သုံးကြိမ်ခုန်ပြီးနောက် သူ့လက်မောင်းကို မြှောက်ကာ ဓားသွားကဲ့သို့ ဒါ့ခ်၏ ဦးခေါင်းကို ခုတ်ချလိုက်သည်။

ချင်ကျင်း၏ အင်္ကျီလက်များသည် အနည်းငယ်ပိုကြီး၍ ကျယ်သည်။ သူသည် အနည်းငယ်ပိုကြီးသော အဝတ်အစားများကို ဝယ်ရခြင်းအကြောင်းအရင်းမှာ အရပ်ပိုရှည်လာပါက ထိုအဝတ်အစားများကို ပြန်ဝတ်နိုင်ရန်ဖြစ်သည်။

ဗရု! ဗရု! ဗရု!

ထိုအချိန်တွင် အင်္ကျီလက်စွပ်များသည် ကော်ဇောကဲ့သို့ လေထဲတွင် ပြင်းထန်စွာ လွင့်ပျံလာသည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now