အခန်း ( ၄၆ )
ဂဘရီရယ်လာ နှင့် ဂလိုရီယာ အပိုင်း (၃)
“ချင်ကျင်း၊ ငါတို့ ဒုတိယနှစ်ကကောင်တွေက...”
ရေတွင်း၏အောက်ခြေမှ ထွက်ပေါ်လာသည့် စိတ်ဆိုးမာန်ဆိုးဖြင့် ကြုံးဝါးနေသည့် အသံများသည် ဂဘရီရယ်လာ၏ စကားပြောရန် သတ္တိများကို ဖျက်ဆီးနေလေတော့သည်။ သူမသည် ရေတွင်းထဲသို့ ငုံ့ကြည့်လိုက်ကာ ထိုသို့ ကြုံးဝါးနေသံများ ထွက်လာသည့်နေရာကို ကြည့်လိုက်သည်။
ချင်ကျင်း မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ထိုမျှလောက် ကြောက်ရွံ့နေသော မိန်းခလေးကို တစ်ခါမှ မမြင်ဖူးချေ။ ထို့အတူ ဤမျှလောက် မောက်မာလွန်းလှသည့် စီနီယာများကို လည်း တစ်ခါမျှ မမြင်ဖူးခဲ့ပါ။
“ဟေး..”
ချင်ကျင်းသည် ခေါင်းငုံ့လိုက်ပြီး ရေတွင်းထဲသို့ ကြည့်လိုက်ကာ တည်ငြိမ်စွာပြောလိုက်သည်။
“မင်းတို့ကောင်တွေ ဆက်ပြီး ဆူညံပူညံ လုပ်နေအုံးမယ်ဆိုရင်တော့ စစ်သည်ကျောင်းသားတွေ အတွင်းအား ကောင်းလာအောင် လေ့ကျင့်တဲ့ ကျောက်တွေကို ငါသွားယူပြီး ပစ်ချလိုက်မှာ..။ မင်းတို့က အခုရေတွင်းထဲမှာ ဆိုပေမဲ့ ငါမင်းတို့ကို မှတ်သားလောက်တဲ့ သင်ခန်းစာလေးတွေ ပေးလို့ရတယ်”
ထို့နောက် ချင်ကျင်းသည် သူ၏မေးစေ့ကို ပွတ်သပ်လိုက်ကာ ဆက်ပြောလိုက်လေသည်။
“မင်းတို့ ထပ်နာချင်နေရင်လည်း ငါကူပေးလို့ရတယ်နော်။ ငါက တော်တော်သဘောထားကောင်းတဲ့သူ တစ်ယောက်ပါ..။”
ရေများရွှဲစိုနေကြသော စီနီယာကျောင်းသာများသည်လည်း တစ်ယောက်နှင့် တစ်ယောက်ကြည့်လိုက်ကာ ပြန်မဖြေရဲတော့ပေ။ သူတို့သည် မစွန့်စားရဲခဲ့ကြခြင်းဖြစ်သည်။ သူတို့နှစ်ဦးလုံးကို ရေတွင်းထဲသို့ပစ်ချခဲ့သော ချင်ကျင်းအဖို့ ကျောက်တုံးများပစ်ချရန်အတွက်လည်း ဝန်လေးနေ မည်မဟုတ်လောက်ပေ။ ထိုကိစ္စနှင့် စပ်လျဉ်း၍ ချင်ကျင်းကို သူတို့၏မျက်လုံးများထဲ၌ ကြောက်စရာကောင်းလှသည်ဟု မြင်နေခဲ့ကြလေသည်။
YOU ARE READING
မိုးကောင်းကင်အားချုပ်ကိုင်ခြင်း
Spiritualမိုးကောင်းကင်အားချုပ်ကိုင်ခြင်း pageလေးကိုလည်း Likeလုပ်ပေးကြပါဦးနော်