အခန်း ( ၉ ) : တစ်ခါတည်းနဲ့မရရင် နှစ်ခါလုပ်ပါ

97 12 0
                                    

ထိုအကြောင်းအရာနှင့် စပ်လျင်း၍ ချင်ကျင်းဟာအလွန်တရာထူးချွန်သော စစ်သည်တော်ကောင်းဖြစ်သော် လည်း သူဟာအရှုံးတရားကိုမရင်ဆိုင်ရဲသောကြောင့် အဆင့်မြှင့်တိုက်ပွဲ များတွင်တခါမျှ ဝင်မပြိုင်ခဲ့ဟု လူအများကယုံကြည်နေခဲ့ကြသည်။

သို့ပေမယ့် ရိုလင်ဟာ ထိုအကြောင်းနှင့်ပတ်သတ်ပြီး မတူညီစွာစဉ်းစားနေခဲ့ပါသည်။ သူ၏အမြင်တွင် ချင်ကျင်း အဆင့်မြှင့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ခြင်းမှာ အရှုံးမခံနိုင်သောကြောင့်မဟုတ်ဘဲ သူဟာ ထိုပြိုင်ပွဲများအား အလေးမထားခဲ့ဟု ‌ထင်နေသည်။ တစ်နည်းအားဖြင့် ချင်ကျင်းသည် ထိုအဆင့်သတ်မှတ်ချက်များအား ဂရုမစိုက်ခဲ့ပါ။

ထိုအရာမှာ သူ၏ထင်မြင်ယူဆချက်ဖြစ်သည်။ ရိုလင်သည် သူ၏သူငယ်ချင်းအား ဘာအတွက်ကြောင့်ထိုကဲ့သို့ထင်နေသည်ကိုမပြောတတ်ပေ။ သူဟာ ထိုစိတ်ထဲမှ ထင်မြင်ချက်အား မသိစိတ်ထဲတွင်ပြင်းပြင်းထန်ထန် ယုံကြည်ခဲ့‌‌လေသည်။

အခန်းထဲရှိမည်သူမှ ချင်ကျင်းအား စိန်ခေါ်ရန်မဝံ့ရဲခဲ့ချေ။ ထိုလူများသည် ၎င်းတို့၏ဒေါသများအား ပြေငြိမ်းနိုင်ရန် နွားရိုင်းကြီး ရူဒီဘက်မှလောင်းကြေးထပ်၍ အနိုင်ရစေရန် ဆုတောင်ပေးခဲ့ရုံသာ တတ်နိုင်ခဲ့ကြသည်။

နွားရိုင်းကြီးနိုင်နေသရွေ့၎င်းတို့သည်ချင်ကျင်းအား တိုက်ခိုက်ရန်မလိုဘဲနှင့် ချင်ကျင်း၏ မောက်မာမှုနှင့် ဂုဏ်သိက္ခာသည်လည်း ကျဆင်းသွားမည်ဖြစ်သည်။

"ငါနွားရိုင်းကြီးရူဒီဘက်က ကြွေပြားငါးပြားလောင်းတယ်.."

"ငါကခုနစ်ပြားလောင်းမယ်.."

ထိုလူများ နွားရိုင်းကြီးဘက်မှလောင်းနေသည်ကို ချင်ကျင်းမြင်သောအခါ စိတ်ကျေနပ်နေခဲ့သည်။ သူသည် အဆုံးမရှိသော ဤကမ္ဘာကြီးအား သေသေချာချာမသိခဲ့သော်လည်း ပန်းပဲအတတ်ပညာက သူ့အား ခွန်အားများတိုးတက်စေခဲ့သည်မှာအမှန်ပင်ဖြစ်သည်။ (နွားရိုင်းကြီးထက်သာလွန်ရုံမျှသာ တိုးလာခဲ့ခြင်းဖြစ်သည်။)

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Tempat cerita menjadi hidup. Temukan sekarang