အခန်း (၁၂) : ပြန်လည်စမ်းသပ်ခြင်း

101 11 0
                                    


ခရစ်စတင်း၏ အသံမှာ ပို၍ကျယ်လောင်လာခဲ့သည်။ သူမကြားလိုက်ရသည်အား မယုံနိုင်သောကြောင့် သူမ၏ ကြည်လင်တောက်ပနေသောမျက်လုံးများက အကြိမ်ကြိမ်လှုပ်ခတ်နေခဲ့သည်။ ချင်ကျင်း၏ တိုက်ခိုက်စွမ်းရည်အား မည်သူတစ်ဦးမျှ သံသယဝင်ခြင်းမရှိခဲ့။ ခွန်အားအရာယှဉ်ပြိုင်ခဲ့သည့်အခါ၌ ချင်ကျင်းသည် ရူဒီအား လက်နှစ်ဖက်သုံး၍သာ အနိုင်ယူခြင်းသာဖြစ်ခဲ့သင့်၏။ သူသည် တစ်ယောက်ချင်းတိုက်ခိုက်မှသာ အခွင့်သာခဲ့မည်ဖြစ်သည်။

ရိုလင်သည် ခရစ်စတင်း သူ့အားမယုံနိုင်ဖြစ်နေသည်ကို ဂုဏ်ယူနေခဲ့သည်။ သူသည်ခါးမတ်လိုက်၍ ခေါင်းမော့ကာ ခါးထောက်ရင်း ရယ်လျက်

"ဒါပေါ့။ ဒီကျောင်းကဘယ်သူ့ဆီမှာ ရူဒီဆိုတဲ့ နာမည်ရှိလို့လဲ။ ချင်ကျင်းက လက်မောင်းလှဲတာမှာ သူ့ကိုသုံးခါတောင် ဆော်ထည့်လိုက်တာ။ ကံကောင်းတာတွေ ဘာတွေမဟုတ်ဘူးနော်။ ဘယ်လိုလဲ။ တော်တော်အံ့ဩဖို့ကောင်းတယ်မလား။"

ခရစ်စတင်း၏မျက်နှာပေါ်တွင် ထူဆန်းသောအကြည့်ပေါ်လာသည်။ သူမသည် မေးစေ့အားလက်ဖြင့်ထောက်လျက် ချင်ကျင်း၏အခန်းအားကြည့်ကာ

"သူက ရူဒီကိုအားချင်းယှဉ်နိုင်တယ်ပေါ့။ သူကအမြဲတမ်းသူ့ရဲ့ အစွမ်းတွေကိုလျှိုထားတာလား။ ဒါဆိုရင်တော့သူက သူရဲကောင်းပြိုင်ပွဲမှာ အစားထိုးပြိုင်ပွဲဝင်နေရာလောက်ကိုတော့ စိတ်ဝင်စားမယ်မထင်ဘူး။ သူက တခြားလူတွေသူ့ကို အရမ်းသန်မာတယ်လို့မထင်အောင်လှည့်စားထားတာပဲဖြစ်ရမယ်။"

"ငါဦးထုပ်ကိုကောင်းကောင်းဖွက်ထားမှ ဖြစ်မယ်။ ဒီနေ့ဖြစ်ခဲ့သမျှကိစ္စတွေက ဒီဦးထုပ်ကြောင့်ဖြစ်နိုင်တယ်။ ငါ အဖိုးတန်စစ်သည်တော် လေ့ကျင့်ရေးစာလိပ် ကို‌ရတနာမြေပုံပေါ်မှာ မတွေ့ခဲ့ရင်တောင် ငါ့ရဲ့အနာဂါတ်ကို ဒီဦးထုပ်နဲ့ပြောင်းလဲနိုင်သေးတယ်။"

ချင်ကျင်းဟာ ကုတင်အောက်သို့ဝင်သွားခဲ့ပြီး ဦးထုပ်အား ကုတင်ခြေရင်း၌ ပြဲ‌နေသောစောင်စနှင့် ဆွဲချည်လိုက်သည်။ ထို့နောက်သူဟာ ကုတင်အောက်မှထွက်‌၍ အိပ်ရာအား ထူးထူးဆန်းဆန်းဖြစ်နေသည်ဟု မည်သူမှ မထင်စေရန် ပြင်ဆင်ခဲ့သည်။ ထို့နောက်သူ၏ခန္ဓာကိုယ်တွင် ကပ်နေသောဖုန်များအား ခါထုတ်၍ အခန်းအပြင်သို့ထွက်လာခဲ့သည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now