၇၇

45 2 0
                                    

အခန်း ( ၇၇ )

ငါ့တံခါးကို သော့ခတ်ထားမှာမဟုတ်လို့၊ ပြတင်းပေါက်ကနေ ကျော်လာစရာ မလိုဘူး

"ဘာလဲ....?"

ဖာဘရီဒစ်သည် ကျန်းမုပိုင်အား စူးရှပြီး မပျော်မရွှင်ဖြစ်နေတဲ့ မျက်လုံးများကို ပြလိုက်ပြီးနောက် အေးစက်စွာ မေးလိုက်သည်။

"မင်းကို တစ်ခွက်လောက်သောက်ဖို့ အခန်းထဲကို ဖိတ်စေချင်နေတာလား"

"မ....မဟုတ်ပါဘူး"

ကျန်းမုပိုင်သည် ဖာဘရီဒစ်ကို မဝံ့မရဲကြည့်ရင်း နောက်သို့ပြန်ဆုတ်သွားလေသည်။ နောက်ဆုတ်နေသည်ကိုလည်း မရပ်ရဲပေ။ သူသည် ခြံတံခါးအပြင်သို့ ရောက်သည်အထိ မရပ်မနား နောက်ဆုတ်သွားသည်။

ရွှေဒင်္ဂါးပြားတစ်ပြားသည် တက်မက်ဖွယ် ဖြစ်သော်လည်း သူ့အသက်နှင့်ယှဉ်လိုက်လျှင် တန်ဖိုးမရှိတော့ပေ။ ကျန်းမုပိုင်သည် မြို့၏စောင့်ရှောက်သူနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိနေခဲ့သောကြောင့်ဖြစ်သည်။ သူသည် အဆင့် ၉ စစ်သည်တော် တစ်ဦးဖြစ်ပြီး "Oakland ၏ ပြိုင်ဖက်ကင်း" ဟူသော ခေါင်းစဉ်ကို ကိုင်စွဲထားသော်လည်း ဖာဘရီဒစ်၏မျက်လုံးထဲတွင်မူ သူသည် ဘာမှမဟုတ်သည်ကို သူကိုယ်တိုင်သိနေသည်။ ဖာဘရီဒစ်သည် ဒေါသထွက်လာပြီး သူ့အားသတ်ချင်လာပါက လွတ်မြောက်ရန် လမ်းရှိတော့မည်မဟုတ်ပေ။ ဖာဘရီဒစ်သည် ရှင်းလင်းပြတ်သားသူ ဖြစ်သည်။ သူက ချင်ကျင်းအား ကူညီပေးချင်နေသောသူလည်း ဖြစ်နေပြန်သည်။ ကျန်းမုပိုင်သည် သူ၏ဦးနှောက် အလုပ်မလုပ်တော့မှသာ မြို့၏ကာကွယ်သူကို စော်ကားရဲလိမ့်မည်။

လူသတ်မှုသည် ပြင်းထန်သော ရာဇ၀တ်မှုတစ်ခုဖြစ်သည်။ ကျန်းမုပိုင်သည် ထိုအရာကို ရှင်းရှင်းလင်းလင်း သိသည်။ သို့သော်လည်း ဤရာဇ၀တ်မှုကို မြို့တော်၏စောင့်ရှောက်သူမှ ကျူးလွန်ပါက၊ မြို့တော်ဝန် ဆာဘိုနစ်စ်သည် ၎င်းအားဖုံးကွယ်ပေးရန် သေချာပေါက်ကူညီမည် ဖြစ်သည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now