၆၉

50 3 0
                                    

အခန်း ( ၆၉ )

အဖေတစ်ယောက် ဖြစ်ခြင်း

ဘလိတ်သည် ချင်ကျင်းကို ကြည့်ရန် အိပ်ငိုက်၍ လေးလံနေသော မျက်ခွံများကို ဖွင့်လိုက်သည်။

“ဘယ်သူကမှ မင်းလိုမျိုး ဒီစာအုပ်တွေကို မွှေနှောက် ရှာကြလေ့မရှိဘူး..။ အဲဒါတွေကို နောက်မှဖတ်ဖို့ မင်းမှာ အချိန်အများကြီးရှိနေသေးတယ်။ အခု မင်းလုပ်ရမှာက သံသွန်းပညာရှင် ဖြစ်လာဖို့အတွက်ပဲ။ ဒီနှစ်တစ်ရာသက်တမ်းရှိတဲ့ ရေခဲသံကို သန့်စင်သောသံအဖြစ် ပြောင်းလဲရမှာဖြစ်ပြီးတော့ ကျန်းမားတာအိုဓားပုံသွင်း သွန်းလုပ်ခြင်းကနေသင်ခဲ့ရတဲ့ အတိုင်း သွန်းလုပ်လိုက်။”

ချင်ကျင်းသည် အနှစ်တစ်ရာ သက်တမ်းရှိသော ရေခဲသံတစ်ပိုင်းကို ကောက်ယူပြီး မီးဖိုထဲသို့ ပစ်ထည့်လိုက်သည်။ ခဏအကြာတွင် ထိုသံသည် အနှစ်တစ်ရာ ရေခဲသံဟူသော အမည်နှင့် ထိုက်တန်ကြောင်း တွေ့ရှိခဲ့ရသည်။ ပြင်းထန်စွာတောက်လောင်နေသည့် မီးနှင့်မြှိုက်လျှင်တောင်မှ မလောင်ကျွမ်းနိုင်ခဲ့ပေ။

ချင်ကျင်းသည် မည်သည့်မီးသွေးအမျိုးစားကိုသုံးလျှင် မှန်ကန်မည်ကို မသိခဲ့ပါ။ ခြံထဲရှိ ကျောက်မီးသွေး အမျိုးအစားများသည်လည်း အကန့်အသတ်အမျိုးမျိုးဖြင့်ရှိနေကြလေသည်။ သူ့အတွက် တစ်ခုတည်းသော နည်းလမ်းမှာ ဖားဖိုကိုထိုးရန် သူ၏ခွန်အား အားလုံးကို ကုန်ဆုံးစေ၍ မီးပြင်းအောင်တိုက်ခြင်းပင် ဖြစ်တော့သည်။

ဖားဖိုကို ရှေ့နောက် ဆွဲထုတ်ရာမှ တချောက်ချောက် အသံများ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။ ချင်ကျင်းသည် သူ၏ အဆင့် ၉ စစ်သည်တော် အတွင်းအား အားလုံးကို အသုံးပြုပြီးသည်နှင့် တပြိုင်နက် အေးခဲနေသော နှစ်တစ်ရာ သက်တမ်းရှိသည့် ရေခဲသံအား နောက်ဆုံးတွင် အပူပေးနိုင်ခဲ့လေသည်။

သံညှပ်တံကိုအသုံးပြု၍ နှစ်တစ်ရာ ရေခဲသံအပိုင်းအစကို ကောက်ကိုင်လိုက်ပြီး ချင်ကျင်းသည် စစ်သည်တော်ကျောင်းသား အများစုသည် အဆင့် ၉ စစ်သည်တော် အဆင့်သို့ မရောက်နိုင်ကြသည်မှာ အံသြစရာပင် မဟုတ်ဟု တီးတိုးပြောနေခဲ့သည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now